စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးအင်အား သုံးပုံနှစ်ပုံနီးပါး ပြုန်းတီးသွားပြီလို့ NUG ပြော

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးအင်အား သုံးပုံနှစ်ပုံနီးပါး ပြုန်းတီးသွားပြီလို့ NUG ပြော

စစ်ကောင်စီတပ်ရဲ့ အမာခံ တိုက်ခိုက်ရေးအင်အား သုံးပုံနှစ်ပုံနီးပါး ယိုယွင်းပြုန်းတီးခဲ့ပြီဖြစ်တဲ့အတွက် စစ်အခြေအနေဖန်တီးနိုင်မှုဟာ တော်လှန်ရေးအင်အားစုတွေရဲ့ လက်သို့ အပြည့်အဝ ရောက်ရှိခဲ့ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆင်ရေးကြောင့် အခုအခါမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ ၁၀ ခု ၊ စကခ ၂၀ နဲ့ ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးအင်အားပြုန်းတီးခဲ့မှုအပေါ် ပြည်သူ့ကာကွယ်ရေးတပ် မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်း သုံးနှစ်ပြည့်မှာ ပြည်သူသို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးအဓမ္မစစ်သားစုဆောင်းနေမှုဟာ စစ်ကောင်စီတပ်ရဲ့ အင်အားချိနဲ့မှုကို ဖော်ပြနေသလို စစ်တပ်ရဲ့ ထိပ်ပိုင်းအရာရှိတွေမကြာခဏ အပြောင်းအလဲ လုပ်နေခြင်းကလည်း စစ်ရေးအရေးနိမ့်မှုနဲ့ ကွပ်ကဲမှု ဖရိုဖရဲဖြစ်နေတာကို ထင်ရှားစေတယ်လို့ ဆိုပါတယ်။

ပြည်သူ့တော်လှန်ရေးအင်အားစုတွေက ပြောက်ကျားနည်းပရိယာယ် အားပြုပြီး ခုခံတွန်းလှန်စစ်ကို ၂ နှစ်ကျော် အဆက်မပြတ်ဆင်နွှဲနေချိန်နဲ့ ဟန်ချက်ညီစွာ ရှမ်းမြောက်နဲ့ ရခိုင်ဒေသမှာ ၁၀၂၇ စစ်ဆင်‌ရေးနဲ့ ကချင်ဒေသစစ်ဆင်ရေးတို့ ဆက်တိုက်ပေါ်ပေါက်လာခဲ့တာပါ။

ဒါ့အပြင် အမှတ် ၁ စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသတို့မှာလည်း ၂၀၂၃ ခုနှစ်နိုဝင်ဘာလဆန်းကစ တင်ပြီး အရှိန်မြှင့်စစ်ဆင်မှုတွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြည်သူသို့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

အခုလို ဟန်ချက်ညီ စစ်ဆင်ရေးတွေက စစ်ကောင်စီရဲ့အုပ်ချုပ်ရေးနဲ့ စစ်ရေးယန္တရားတွေကို ဒေသအလိုက် ရှင်းလင်းနိုင်ခဲ့ရုံမက ရန်သူရဲ့ရုပ်ပိုင်း၊ စိတ်ပိုင်း အားနည်းပျော့ညံ့မှုကို ဖုံးဖိမရ ဖြစ်စေခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးတွေမှာ PDF တပ်မတော် ရဲဘော်တွေဟာ သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန် ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒေသတိုင်းမှာ တိုက်ပွဲဝင်နေသလို လတ်တလော စစ်ဆင်ရေးတွေမှာ ရန်သူစစ်ယန္တရားကို ဖျက်ဆီးနိုင်ရုံမက လက်နက်ကြီး၊ လက်နက်ငယ်မြောက်များစွာကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

အခုလို ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် စွမ်းဆောင်နိုင်တာဟာ အရေးကြီးတဲ့ စစ်ရေးတိုးတက်‌အောင်မြင်မှုဖြစ်ပြီး ရန်သူ့လက်နက်တွေနဲ့ PDF တပ်မတော်ကို အားဖြည့်တပ်ဆင်သွားမယ်လို့ NUG က ဆိုပါတယ်။

တစ်ဘက်မှာ  PDF ရဲဘော်တွေရဲ့ လက်နက်ကြီး သုံးစွဲနိုင်စွမ်း မြင့်တက်လာမှာဖြစ်သလို PDF ဒရုန်း တပ်ဖွဲ့ ကိုလည်း အင်အားတိုးချဲ့နေပြီး ရည်ရွယ်ချက်မှာ မဟာဗျုဟာ ထိုးစစ်တွေဆင်နွှဲဖို့ ဖြစ်ပါတယ်။

ဒါကြောင့် အခုအခါမှာ စစ်ဒေသနဲ့ စစ်နယ်ဝှန်းအလိုက် အင်အားထောင်ချီ ပါဝင်ပြီးမွမ်းမံလေ့ကျင့်တာ၊ စုဖွဲ့ တပ်ဆင်တာ၊ ကွပ်ကဲမှုတည်ဆောက်တာနဲ့ထုအင်အား တည်ဆောက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြောထားပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...