မြန်မာစစ်ကောင်စီသည် ဆုံးရှုံးသွားသည့်နယ်မြေများကို ရုရှားလုပ် MiG-29၊ Su-30 တိုက်လေယာဉ်များနှင့် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များ အသုံးပြုတိုက်ခိုက်နေ

မြန်မာစစ်ကောင်စီသည် ဆုံးရှုံးသွားသည့်နယ်မြေများကို ရုရှားလုပ် MiG-29၊ Su-30 တိုက်လေယာဉ်များနှင့် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များ အသုံးပြုတိုက်ခိုက်နေ

(၂၀၂၃ နိုဝင်ဘာလမှ ယခုနှစ် မတ်လအထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၈၈ ကြိမ်ပြုလုပ်ခဲ့၊ ထိုအထဲက ငါးပုံတစ်ပုံမှာ AA ခြေကုပ်ယူထားသော ပစ်မှတ်များဖြစ်ဟုဆို)

မြန်မာစစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးသွားသော နယ်မြေများအား ပြန်လည်ရရှိအောင် ရုရှားလုပ် MiG-29၊ Su-30 နောက်ဆုံးပေါ် တိုက်လေယာဉ်များနှင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို အသုံးပြုလျှက်ရှိသည်ဟု Nikkei Asia သတင်းဌာနက ရေးသားဖော်ပြလိုက်သည်။

ထိုင်းလေတပ်မှ အရာရှိများသည် မြဝတီနယ်စပ်တစ်လျှောက် ဗုံးကြဲတိုက်ခိုက်ရန် ပျံသန်းသွားသည့် မြန်မာစစ်တပ်၏ နောက်ဆုံးပေါ် ရုရှားလုပ် တိုက်လေယာဉ်များ နှင့် ရဟတ်ယာဉ်များကို ရေဒါတွင် မြင်တွေ့နေရသည်ဟု ဆိုသည်။

စစ်ကောင်စီသည် မြဝတီအနီးရှိ တပ်စခန်းများကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် ယခုကဲ့သို့ နောက်ဆုံးပေါ် တိုက်လေယာဉ်များ အသုံးပြုတိုက်ခိုက်လာခြင်းဖြစ်သည်။

" ဧပြီလအစောပိုင်းက နှစ်ရက်အတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ဗုံးကြဲဖို့နဲ့ ရိက္ခာချဖို့ ၂၁ ကြိမ် ပျံသန်းခဲ့တာတွေ့ရတယ်" ဟု ယုံကြည်စိတ်ချရသည့် ထိုင်းစစ်တပ်အရာရှိတစ်ဦးက ပြောသည်။

" ရွာတွေကို ဗုံးကြဲဖို့နဲ့ ရိက္ခာ၊လက်နက် သယ်ယူပို့ဆောင်ဖို့ ရုရှားလုပ် တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို ထိုင်း-မြန်မာနယ်စပ် ၁၀ ကီလိုမီတာအကွာမှာ အသုံးပြုနေတာ တွေ့ရပါတယ်" ဟု သူက ပြောသည်။

ရုရှားလုပ် MiG-29 တိုက်လေယာဉ်နှင့် Mi-35 ရဟတ်ယာဉ်တို့ကို ကရင်ပြည်နယ်၊ မြဝတီအား KNU ဦးဆောင်သည့် တော်လှန်ရေးတပ်များ မသိမ်းပိုက်မီ အချိန်က စ၍ အသုံးပြုခဲ့သည်ဟု ဆိုသည်။

ယခုကဲသို့ စစ်ကောင်စီက လေကြောင်းအင်အားအသုံးပြု တိုက်ခိုက်လာမည်ကို ကြိုတင် မျှော်လင့်ထားကြောင်း၊ စစ်ကောင်စီသည် စစ်ရှုံးလာလျှင် ယခုကဲသို့ ရက်စက်ကြမ်းကြုတ်စွာ တုန့်ပြန်လေ့ရှိကြောင်း KNU ခေါင်းဆောင်တစ်ဦးက Nikkei သို့ ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ငါးလအတွင်း စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် ရုရှားလုပ် Yak-130 အပေါ့စား တိုက်ခိုက်ရေးနှင့် လေ့ကျင့်ရေးလေယာဉ်များ၊ ဘက်စုံသုံး Su-30 ဂျက်တိုက်လေယာဉ်များအသုံးပြုကာ တော်လှန်ရေးအုပ်စုများကို တိုက်ခိုက်နေခဲ့သည်။

အမေရိကန်အခြေစိုက် Armed Conflict Location and Event Data Project အဖွဲ့၏ လေ့လာချက်အရ မြန်မာစစ်ကောင်စီသည် ၂၀၂၃ နိုဝင်ဘာလမှ ယခုနှစ် မတ်လအထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၈၈ ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအနက် ငါးပုံ တစ်ပုံမှာ ရခိုင်ပြည်နယ်တွင် တပ်စခန်းများ သိမ်းပိုက်နေသည့် အာရက္ခတပ်တော်/ ရက္ခိုင့်တပ်တော် ( AA) ခြေကုပ်ယူထားသော ပစ်မှတ်များဖြစ်သည်ဟု ဆိုသည်။ ref: Nikkei Asia

Most read this week

May 1, 2024
ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေချိန်တွင် တရုတ်လူမျိုး ၅၀၀ ခန့်သည် ကျောက်ဖြူမြို့သို့...
April 29, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအထဲကို တိုက်ပွဲထဲက လက်နက်ကြီး ကျည်တွေ...
April 24, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ...