ရခိုင်တွင် စစ်ရေးအတွေ့အကြုံယူပြီး မိမိဒေသသို့ပြန်သည့် YDF ရဲဘော်များကို ပြည်သူများကြိုဆို

ရခိုင်တွင် စစ်ရေးအတွေ့အကြုံယူပြီး မိမိဒေသသို့ပြန်သည့် YDF ရဲဘော်များကို ပြည်သူများကြိုဆို

ရခိုင်ပြည်အတွင်း တိုက်ပွဲများတွင် အာရက္ခတပ်တော် (AA) ထံမှ စစ်ရေးအတွေ့အကြုံများရယူပြီး မိမိတို့ ယောဒေသသို့ပြန်သည့် ယောကာကွယ်ရေးတပ် (YDF) ရဲဘော်များကို ပြည်သူများက ကြိုဆိုခဲ့ကြောင်း YDF စစ်ရုံးချုပ်က ယနေ့ (ဧပြီ ၁၆ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။

ယောဒေသသို့ပြန်ရောက်လာသည့် YDF ရဲဘော်များသည် ၂၀၂၃ ခု နိုဝင်ဘာလမှစတင်ကာ ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ စစ်ဘက်၊ ရဲဘက် တပ်ရင်း၊ တပ်စခန်း၊ ဗျူဟာ၊ တပ်မများကို သိမ်းနိုင်သည်အထိ အာရက္ခတပ်တော်နှင့် ပါဝင်တိုက်ခိုက်ကာ စစ်ရေးအတွေ့အကြုံများ ယူနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခု ဒီဇင်ဘာလအတွင်းက ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော်မှ တိုက်ခိုက်ရာတွင်လည်း YDF ရဲဘော်များမှာ စစ်ရေးအတွေ့အကြုံယူရင်း ပါဝင်တိုက်ပွဲဝင်ခဲ့ကြသည်။

လက်ရှိတွင် စစ်ရေးအတွေ့အကြုံများကို လက်တွေ့ရယူခဲ့ပြီဖြစ်သော YDF ရဲဘော်များသည် ယောဒေသကို အပြည့်အဝ ကာကွယ်ပေးနိုင်ရေးသာမက နိုင်ငံအနှံ့ စစ်အာဏာရှင်ကျရှုံးရေး တိုက်ပွဲများတွင် ဆက်လက်ပါဝင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း YDF စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

တော်လှန်ရေး ၃ နှစ်တာကာလအတွင်း ယောကာကွယ်ရေးတပ်အနေဖြင့် အခြေခံစစ်သင်တန်းကို အပတ်စဉ် ၁၄ အထိ သင်တန်းပေးပြီးဖြစ်သည်ဟု YDF စစ်ရုံးချုပ်ကဆိုသည်။

ယောကာကွယ်ရေးတပ် - YDF သည် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ယောဒေသနေ လူငယ်များမှဦးဆောင်၍ ဖွဲ့စည်းခဲ့သော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...