ရခိုင်တွင် စစ်ရေးအတွေ့အကြုံယူပြီး မိမိဒေသသို့ပြန်သည့် YDF ရဲဘော်များကို ပြည်သူများကြိုဆို

ရခိုင်တွင် စစ်ရေးအတွေ့အကြုံယူပြီး မိမိဒေသသို့ပြန်သည့် YDF ရဲဘော်များကို ပြည်သူများကြိုဆို

ရခိုင်ပြည်အတွင်း တိုက်ပွဲများတွင် အာရက္ခတပ်တော် (AA) ထံမှ စစ်ရေးအတွေ့အကြုံများရယူပြီး မိမိတို့ ယောဒေသသို့ပြန်သည့် ယောကာကွယ်ရေးတပ် (YDF) ရဲဘော်များကို ပြည်သူများက ကြိုဆိုခဲ့ကြောင်း YDF စစ်ရုံးချုပ်က ယနေ့ (ဧပြီ ၁၆ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။

ယောဒေသသို့ပြန်ရောက်လာသည့် YDF ရဲဘော်များသည် ၂၀၂၃ ခု နိုဝင်ဘာလမှစတင်ကာ ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ စစ်ဘက်၊ ရဲဘက် တပ်ရင်း၊ တပ်စခန်း၊ ဗျူဟာ၊ တပ်မများကို သိမ်းနိုင်သည်အထိ အာရက္ခတပ်တော်နှင့် ပါဝင်တိုက်ခိုက်ကာ စစ်ရေးအတွေ့အကြုံများ ယူနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခု ဒီဇင်ဘာလအတွင်းက ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော်မှ တိုက်ခိုက်ရာတွင်လည်း YDF ရဲဘော်များမှာ စစ်ရေးအတွေ့အကြုံယူရင်း ပါဝင်တိုက်ပွဲဝင်ခဲ့ကြသည်။

လက်ရှိတွင် စစ်ရေးအတွေ့အကြုံများကို လက်တွေ့ရယူခဲ့ပြီဖြစ်သော YDF ရဲဘော်များသည် ယောဒေသကို အပြည့်အဝ ကာကွယ်ပေးနိုင်ရေးသာမက နိုင်ငံအနှံ့ စစ်အာဏာရှင်ကျရှုံးရေး တိုက်ပွဲများတွင် ဆက်လက်ပါဝင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း YDF စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

တော်လှန်ရေး ၃ နှစ်တာကာလအတွင်း ယောကာကွယ်ရေးတပ်အနေဖြင့် အခြေခံစစ်သင်တန်းကို အပတ်စဉ် ၁၄ အထိ သင်တန်းပေးပြီးဖြစ်သည်ဟု YDF စစ်ရုံးချုပ်ကဆိုသည်။

ယောကာကွယ်ရေးတပ် - YDF သည် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ယောဒေသနေ လူငယ်များမှဦးဆောင်၍ ဖွဲ့စည်းခဲ့သော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...