က္ခိုင့်တပ်တော်(AA)၏ (၁၅)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ညီနောင်မဟာမိတ် PSLF/TNLA နှင့် MNTJP/MNDAA တို့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ အများအပြားက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့

က္ခိုင့်တပ်တော်(AA)၏ (၁၅)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ညီနောင်မဟာမိတ် PSLF/TNLA နှင့် MNTJP/MNDAA တို့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ အများအပြားက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့

ရက္ခိုင့်တပ်တော်(AA)၏ ၁၅ နှစ်မြောက်နှစ်ပတ်လည်နေ့သို့ ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် PSLF/TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNTJP/TNLA တို့အပါအဝင် တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်ဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာများပေးပို့ခဲ့ကြသည်ကို တွေ့ရသည်။

ညီနောင်မဟာမိတ်တပ်ဖွဲများဖြစ်သည့် PSLF/TNLA နှင့် MNTJP/MNDAA တို့က ပေးပို့သော သဝဏ်လွှာတွင် " ဤ (၁၅)နှစ်ပြည့်တွင် မိမိတို့ ညီနောင်မဟာမိတ်သုံးဖွဲ့၏ "၁ဝ၂၇" အောင်မြင်မှုများနှင့် အတူ ရက္ခိုင့်တပ်တော်သည် ဒေသတစ်ခုလုံးနီးပါးကို ရခိုင်လူထုလက်ဝယ်သို့ ပြန်လည်အပ်နှင်းနိုင်ပြီး သက်ဆိုင်ရာ လူမျိုးနှင့်ဒေသကို ဆက်လက်တည်ဆောက်ရမည့်ကာလသို့ တစ်ဆင့်တက်လှမ်းနေခဲ့ပြီဖြစ်ပါသည်" ဟု ဝမ်းမြောက်စွာ ချီးကျူးဂုဏ်ပြုထားသည်ကိုတွေ့ရသည်။

ထို့ပြင် "မိမိတို့အနေဖြင့် ဆက်လက်၍ မပြီးမြောက်သေးသည့် မိမိတို့၏ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်သော တော်လှန်ရေးခရီးပန်းတိုင်နှင့် မိမိတို့၏ သက်ဆိုင်ရာ လူမျိုးနှင့် ဒေသတို့၏ အန္တိမပန်းတိုင်သို့ သွားရောက်သည့် လမ်းခရီးတွင် ရက္ခိုင့်တပ်တော်နှင့် အတူတက်လှမ်းသွားမည်ဖြစ်ပါကြောင်းပြောကြားရင်း ရက္ခိုင့်ရဲဘော်များအားလုံးကျန်းမာပကတိ အစဉ်အမြဲတည်ရှိကြပါစေကြောင်း ဆန္ဒမွန်ပြုရင်း (၁၅) နှစ်ပြည့် ရက္ခိုင့်တပ်တော်နေ့သို့ ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်" ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့အပြင် ဇိုမီး ဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊  မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တို့ပူးပေါင်း၍ ချင်းညီနောင်အဖွဲ့(Chin Brotherhood)ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ထားသည်ကိုတွေ့ရသည်။

ချင်းညီနောင်အဖွဲ့(Chin Brotherhood)က " မိမိတို့ ချင်းညီနောင်အနေဖြင့် အာဏာရှင်စနစ်အလုံးစုံချုပ်ငြိမ်းပြီး အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ရခိုင်ပြည်သူလူထုနှင့် ချင်းပြည်သူလူထုတို့၏ အကျိူးစီးပွားတို့ကို အပြန်အလှန်စောင့်ရှောက်ကူညီရေးတို့တွင် ရက္ခိုင့်တပ်တော်(AA) နှင့် လက်တွဲပြီး မိမိတို့ ပန်းတိုင်ရောက်ရှိသည်အထိ ချီတက်သွားမည်ဖြစ်သည်" ဟု ပေးပို့သောသဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်(MTC/MDF) ၊ ပြည်သူ့စစ်ဗျူဟာ အကြံပေးဗျူရို(PMSAB)၊ လူ့ဘောင်သစ်တပ်မတော်၊ ချင်းကာကွယ်ရေးတပ်(အရှို)နှင့် (မင်းတပ်)တို့အပြင် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့( People's Liberation Force)၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစုနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဧရာဝတီ စစ်ဒေသခွဲ တို့ကပါ ယနေ့ဧပြီလ ၁ဝ ရက်နေ့ နံနက်ပိုင်းတွင် အသီးသီး ကြေညာချက်များထုတ်ပြန် ဂုဏ်ပြုထားကြသည်ကို တွေ့ရသည်။

ရက္ခိုင့်တပ်တော်(AA) ကို လွန်ခဲ့သည့် ၂ဝဝ၉ ခုနှစ်၊ ဧပြီလ (၁ဝ)ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာမြို့၌  ရခိုင်လူငယ်  (၂၆) ယောက်နှင့် စတင်တည်ထောင်ခဲ့သည်။

လက်ရှိ (၁၅) နှစ်တာခရီးအတွင်းမှာ ရခိုင်ပြည်မြောက်ပိုင်းတစ်ခုလုံးနီးပါးကို လွှမ်းမိုးထိမ်းချုပ်နိုင်နေပြီး လူနည်းစုအခွင့်အရေးနှင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတို့ကို စတင်လုပ်ဆောင်နေပြီးလည်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းမှုနောက်ပိုင်းတွင် တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းစစ်ဆင်ရေးများလုပ်ဆောင်ပေးနေသည့်အပြင်  မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့နှင့်အတူ အောင်ပွဲများ ဆင်နွှဲနေသည့် အောင်မြင်သည့် တော်လှန်ရေးတပ်ဖွဲ့အဖြစ် အများက အသိအမှတ်ပြုနေကြသည်ကို တွေ့ရသည်။

Most read this week

April 29, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအထဲကို တိုက်ပွဲထဲက လက်နက်ကြီး ကျည်တွေ...
April 24, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ...
April 24, 2024
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင်ပိတ်မိနေသည့် အပြစ်မဲ့ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ...
April 23, 2024
စစ်‌အာဏာသိမ်းပြီးနောက်  ရခိုင်ပြည်၊ အမ်း- ရိုးမရှိ တောင်စောက် ရေနံနှင့် သဘာ၀ဓာတ်ငွေ့...