အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို AA အရှိန်မြှင့် ထိုးစစ်ဆင်နေ

အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို AA အရှိန်မြှင့် ထိုးစစ်ဆင်နေ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်တော်တပ်နယ်ကို ဖေဖော်ဝါရီလအတွင်း သိမ်းပိုက်ရရှိပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်တော်တပ်နယ်ကို ဖေဖော်ဝါရီလအတွင်း သိမ်းပိုက်ရရှိပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA) က အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၇ ရက်က အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စုရှိ တောဟိန်းတောင်၊ ဒါးလက်နှင့် နပခအနီးတို့တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေမှာ စစ်ကောင်စီက လေကြောင်းနဲ့ တောက်လျှောက်ဗုံးကြဲတယ်။ လက်နက်ကြီးလည်း တစ်နေကုန်ပစ်တယ်။ အမ်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်နေတဲ့အထိ မနေ့ကတိုင်းစစ်ဌာနချုပ်တိုက်ပွဲက အပြင်းထန်ဆုံးပဲ” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

ကဇူးကိုင်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ တောဟိန်းတောင်ဗျုဟာအပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဧပြီ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို AA က ယခုနှစ်၊ မတ်လ ၂၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲများမှ ပို၍ပြင်းထန်လာနေသည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမ်းမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံသောင်းနှင့်ချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“အမ်း-ပဒါန်းလမ်းကို စစ်ကောင်စီက စစ်အင်အားဖြည့်တာ ရှိတယ်။ အမ်း-ပဒါန်းလမ်းကို AA က ပိတ်ထားတော့ မြို့ပေါ်မှာရှိတဲ့အင်အားတွေကို တိုက်ပွဲဖြစ်နေတဲ့အနီးအနားတွေဆီ တပ်ဖြန့်ချနေတယ်” ဟု အမ်းဒေသခံ နောက်တစ်ဦးက ပြောသည်။

ရခိုင်ပြည်နှင့် မကွေးတိုင်းတို့ကို ဆက်သွယ်ထားသည့် ကားလမ်းတို့တွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ လမ်းဘေးဝဲယာတလျှောက် မိုင်းထောင်ခြင်းများ ပြုလုပ်နေသဖြင့် အမ်း-ပဒါန်းကားလမ်းကို အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း AA က ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ရခိုင်စစ်ပွဲ ငါးလနီးပါးအတွင်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားသည်။

လက်ရှိတွင် ဘူးသီးတောင်၊ မောင်တောနှင့် အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေးအတွက် AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...