ထိုင်းနိုင်ငံ လိပ်ကျွန်း ကူးတို့သင်္ဘောမီးလောင်ရာ၌ မြန်မာနိုင်ငံသား လူငယ်တစ်ဦး သေဆုံးခဲ့ပြီး သုံးရက်ကြာမှ အလောင်းကို စက်လှေတစ်စီးက ရှာဖွေတွေ့ရှိ

ထိုင်းနိုင်ငံ လိပ်ကျွန်း ကူးတို့သင်္ဘောမီးလောင်ရာ၌ မြန်မာနိုင်ငံသား လူငယ်တစ်ဦး သေဆုံးခဲ့ပြီး သုံးရက်ကြာမှ အလောင်းကို စက်လှေတစ်စီးက ရှာဖွေတွေ့ရှိ

ပြီးခဲ့သည့် ကြာသပတေးနေ့က ထိုင်းနိုင်ငံ၊ ကော့တောင် လိပ်ကျွန်းတွင် ကူးတို့သင်္ဘောတစ်စီး မီးလောင်ခဲ့ရာ၌  မြန်မာနိုင်ငံသားလူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ အသက် ၁၈ နှစ်အရွယ် မောင်ချစ်နိုင်အောင် ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က စူရတ်ဌာနီမှ လိပ်ကျွန်းသို့ ခရီးသည် ၁၀၈ ဦး တင်ဆောင်လာသော  ကူးတို့သင်္ဘောသည် လိပ်ကျွန်းရောက်ရန် ရေမိုင် သုံးမိုင်ခန့်အကွာတွင် မီးလောင်မှုဖြစ်ပွါးသဖြင့် ခရီးသည်များ ရေထဲခုန်ဆင်းထွက်ပြေးခဲ့ရသည်။

စက်လှေမီးလောင်မှုဖြစ်ပွါးစဉ် လိပ်ကျွန်းမှ ကယ်ဆယ်ရေးလှေများ ရောက်ရှိလာပြီး ကယ်တင်နိုင်ခဲ့သဖြင့် ခရီးသည်အားလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ရေးသားဖော်ပြခဲ့သည်။

သို့သော် အဆိုပါစက်လှေ မီးလောင်မှုဖြစ်ပွါးပြီး သုံးရက်အကြာ ဧပြီလ ၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ငါးဖမ်းစက်လှေတစ်စီးက မောင်ချစ်နိုင်င်အောင်၏ အလောင်းကိုတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

မောင်ချစ်နိုင်အောင်၏ အစ်မဖြစ်သူက “ သူက ရေမကူးတက်ဘူး။ မီးလောင်တော့ အသက်ကယ် အင်္ကျီကလည်း မိန်းကလေးနဲ့ ကလေးတွေကိုဦးစားပေးတယ်။ နောက်ပြီးနိုင်ငံခြားသားတွေကိုပဲ ဦးစားပေးတယ်။ အသက်ကယ်အင်္ကျီက ၅ဝ ကျော်လောက်ပဲပါတယ်လို့ကြားတယ်။ တကယ်ဆို လှေပေါ်မှာ ၁ဝ၈ ယောက်လောက်ပါတယ်လို့ပြောတယ်” ဟုပြောသည်။

ဧပြီလ ၄ ရက်နေ့က မီးလောင်ခဲ့သော စက်လှေပေါ်တွင်  ကုန်ပစ္စည်းများ၊ ကားများနှင့် နိုင်ငံခြား ခရီးသွားဧည့်သည်များအပါအဝင် မြန်မာနိုင်ငံသားအများအပြားလိုက်ပါလာသည်ဟု သိရပြီး မီးအကြီးအကျယ်လောင်နေသည့် ရုပ်သံများ လူမှု့ကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

မောင်ချစ်နိုင်အောင်၏ ရုပ်အလောင်းအား ဧပြီလ ၉ ရက်နေ့တွင် လိပ်ကျွန်း၌ သင်္ဂြိုလ်ရန် စီစဉ်ထားကြောင်း မိသားစုဝင်များက ပြောသည်။

Most read this week

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...