မဲဆောက်- မြဝတီ အမှတ်(၁) တံတားတွင် CDM နှင့် လူငယ်တချို့အား ရှာဖွေဖမ်းဆီးမှုများရှိနေပြီး အမျိုးသမီးနှင့် အနည်းဆုံး လူငယ် ၁ဝ ဦးမက ဖမ်းဆီးခံရ

မဲဆောက်- မြဝတီ အမှတ်(၁) တံတားတွင် CDM နှင့် လူငယ်တချို့အား ရှာဖွေဖမ်းဆီးမှုများရှိနေပြီး အမျိုးသမီးနှင့် အနည်းဆုံး လူငယ် ၁ဝ ဦးမက ဖမ်းဆီးခံရ

ထိုင်း၊ မြန်မာနယ်စပ်ရှိ မဲဆောက်- မြဝတီ အမှတ်(၁) တံတားပေါ်တွင် ယနေ့ ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီတပ်သားများ၊ ရဲနှင့် လဝက ပူးပေါင်းအဖွဲ့တို့က CDM နှင့် အမျိုးသမီးများအပါအဝင် လူငယ်တချို့ကို ဝရမ်းနှင့် တကွ ရှာဖွေဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ထိုင်းနိုင်ငံမဲဆောက်မြို့သို့ နေ့စဉ်လူ ရာနှင့်ချီ၍ ဖြတ်သန်းခွင့်ပြုထားရာမှ ယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် ဖမ်းဝရမ်းကိုင်ကာ အနည်းဆုံး လူငယ် ၁ဝ ဦးမကကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူများက နိရဉ္စရာသို့ ပြောသည်။

မဲဆောက်မှ မြဝတီသို့ သွားသည့် အမျိုးသမီးတစ်ဦးက " တံတားဖြတ်ခွင့်လက်မှတ်တွေကို အသစ်လုပ်ပေးတယ်။ CDM တွေကို ဝရမ်းနဲ့ဖမ်းနေတယ်။ ဓာတ်ပုံနဲ့တကွဖမ်းနေတာပါ။ လူငယ် ဆယ်ယောက်ကျော်လောက်ကို ကားပေါ်ဖမ်းခေါ်သွားတယ်။ မိန်းကလေးတွေလည်းပါတယ်" ဟု ပြောသည်။

မဲဆောက်- မြဝတီသို့ ခရီးသွားများအနေဖြင့် အဆိုပါ စစ်ဆေးဖမ်းဆီးမှုများကြောင့် စိုးရိမ်နေကြသည်ဟု မျက်မြင်တွေ့ရှိသူက ဆက်ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ဝ ရက်နေ့မှစ၍ စစ်မှုထမ်းဥပဒေ အတည်ပြုထုတ်ပြန်ပြီးနောက် အကျုံးဝင်သူ လူငယ်များကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခြင်း၊ CDM ၊ PDF တို့ဖြင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

Most read this week

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...