မောင်တောခရိုင်ရှိ စစ်ကောင်စီစခန်းများကို AA ထိုးစစ်ဆင်နေ

မောင်တောခရိုင်ရှိ စစ်ကောင်စီစခန်းများကို AA ထိုးစစ်ဆင်နေ

ရခိုင်ပြည်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က မတ်လ ၃ ရက်တွင် ထုတ်ပြန်သည်။

ဧပြီလ ၁ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့သည့် ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁၅) လက်အောက်ခံ ခမရ ၅၆၄ တပ်ရင်းကို သိမ်းပိုက်နိုင်ရေး ယခုရက်ပိုင်း၌ အဓိကတိုက်ခိုက်လျက်ရှိသည်ဟု AA က ထုတ်ပြန်သည်။

ဘူးသီးတောင်တွင် စကခ (၁၅) လက်အောက်ခံ ခမရ - ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၅၁ ၊ ၅၅၂၊ ၅၆၄၊ ၅၆၅ တပ်ရင်းများအပါအဝင် ခြေလျင်တပ်ရင်း (ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃ နှင့် အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ ရှိသည်။

ယင်းအထဲမှ ခမရ(၅၅၂)တပ်ရင်းကို AA က မတ်လ ၂၅ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများကိုလည်း သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

အလားတူ မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း တစ်ရက်မျှရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဟု AA က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါစခန်းကို AA က ဖေဖော်ဝါရီလ ၉ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အကြိတ်အနယ်ခုခံနေသဖြင့် တစ်လကျော်အထိ ကြာမြင့်လာသည်။

မောင်တောမြို့နယ်ရှိ တမန်းသားရဲကင်းစခန်းကို မတ်လ ၂၅ ရက်တွင် AA က သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ ခန့် AA ထံ လက်နက်ချအညံ့ခံခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင်စတင်သည့် ရခိုင်စစ်ပွဲ လေးလကျော်အတွင်း  ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝ မြို့နယ်တို့ကို AA က သိမ်းပိုက် ထိန်းချုပ်ထားသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...