အမ်းမြို့နယ်ရှိ တောဟိန်းတောင်ဗျုဟာနှင့် စခန်းအချို့ကို AA ထိုးစစ်ဆင်နေ

အမ်းမြို့နယ်ရှိ တောဟိန်းတောင်ဗျုဟာနှင့် စခန်းအချို့ကို AA ထိုးစစ်ဆင်နေ

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ တောဟိန်းတောင်ဗျုဟာအပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော်(AA) က ဧပြီ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

၎င်းစစ်ကောင်စီစခန်းများသည် ရခိုင်စစ်ပွဲကာလများအတွင်း ပြည်သူများကို နှစ်လကြာရှည် ဒုက္ခပေးနေသော စစ်စခန်းများဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အဲဒီတောဟိန်းတောင်ပေါ်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေကျလို့ ပြည်သူတွေ အသက်ဆုံးရှုံးသွားရတာ မနည်းတော့ဘူး။ တိုက်ပွဲဖြစ်တိုင်း လက်နက်ကြီးတွေနဲ့ပစ်တယ်။ ပြည်သူတွေမှာလည်း အသက်အိုးအိမ်တွေ ထပ်ပြီး ဆုံးရှုံးမှာ ကြောက်လန့်နေရတယ်” ဟု အမ်းဒေသခံ တစ်ဦးက ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိသည့် အမ်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းများကို AA က မတ်လ ၂၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။

မတ်လ ၃၁ ရက်ကလည်း အမ်းမြိုနယ်၊ လုံးရွာအနောက်ဘက် (၁.၄) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင် စစ်ကောင်စီတပ် နှင့် AA တို့ တစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ မျက်မြင်(၄) ဦး သေဆုံးခဲ့ကြောင်း ယမန်နေ့တွင် AA က ထုတ်ပြန်သည်။

မတ်လ ၂၆ ရက်ကလည်း လုံးကျေးရွာအနီးတွင် စကခ (၅)လက်အောက်ခံ ခမရ (၃၄၆) စစ်ကြောင်းနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

“တိုက်ပွဲတွေ ပြင်းထန်နေလို့ လက်နက်ကြီးပစ်သံတွေ နေ့တိုင်းကြားရတယ်။ ဒေသခံတွေမှာတော့ စိုးရိမ်စိတ်တွေနဲ့ နေကြရတာပေါ့” ဟု အမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။

အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (B.E)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များ ရှိကြောင်း သိရသည်။

ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများကို တစ်ရက်မျှရပ်နားခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...