စစ်ပဋိပက္ခကြား ဆေး၀ါးကုသမှုအခက်ခဲကြောင့် သေဆုံးသွားကြရသူများ

စစ်ပဋိပက္ခကြား ဆေး၀ါးကုသမှုအခက်ခဲကြောင့် သေဆုံးသွားကြရသူများ

တပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်ဘေးရှောင်ရတဲ့ ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်အများစုက ကလေး၊အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပါတယ်။

မြို့ပေါ်၊ ဒါမှမဟုတ် မြေပြန့်ဒေသမှာနေထိုင်ကြတဲ့ ဒေသခံတွေက စစ်ပဋိပက္ခကြောင့် သဘာဝကပေးတဲ့ အကာအကွယ်တွေရှိနေတဲ့ တောင်ပေါ်ဒေသကို  ရွေ့ပြောင်းနေထိုင်ကြရပါတယ်။ တောင်ပေါ်နဲ့ မြေပြန့် ဒေသနှစ်ခုကြား မတူတဲ့ရာသီဥတုကြောင့် စစ်ဘေးစရှောင်တဲ့ ၂၀၂၁ ခုနှစ် မေလတည်းကစလို့ ယနေ့အချိန်ထိပင် စစ်ဘေးရှောင်အများစုက ရာသီတုပ်ကွေးရောဂါဝေဒနာကို အလူးအလဲ ခံစားကြရပါတယ်။

ကျန်းမာရေးကောင်းတဲ့သာမန်လူ လူတယောက်ကတောင် စစ်ရှောင်ပြီးနောက်ပိုင်း ရောဂါဝေဒနာ တခုမဟုတ်တခု ခံစားလာကြရပါတယ်။ ရာသီအလိုက်ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးအပြင် သွေးတိုး၊ လေဖြန်း၊ ကင်ဆာ၊ ဆီးချို၊ သွေးချို၊ ဆီးကျောက်တည်၊ အစာအိမ်၊ အဆုတ်ရောင် ၊ နှလုံးသွေးကြောကျဥ်း စတဲ့ရောဂါတွေကို စစ်ဘေးရှောင်တွေကြား ခံစားနေကြရတာကိုတွေ့လာရပါတယ် ။ ဒါ့အပြင် စိတ်ကျရောဂါကို စစ်ရှောင်တိုင်း လိုလိုက ခံစားနေရတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ ဆေးဆိုင်ဖွင့်ထားတဲ့ ကျန်းမာရေးဆရာမတဦးက သွေးတိုး၊ ဆီးချို၊ သွေးချို ရောဂါဆိုင်ရာဆေး၀ါး အရောင်းရဆုံးဖြစ်တယ်လို့ ပြောပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင် အပါအ၀င် ဒေသခံ လူထုတွေမှာ သွေးတိုး၊ ဆီးချို၊သွေးချို ရောဂါ အများဆုံးခံစားနေရတာကို သိနိုင်ပါတယ်။

"အများဆုံးသုံးတာကကျတော့ အားဆေးတွေ  ဆီးချို၊ သွေးတိုး ။ အထူးသဖြင့် သွေးတိုး။ သွေးတိုးတွေက အသုံးများတယ်။ လာ၀ယ်သမား များတယ်ပေါ့နော" လို့ ဆေးဆိုင်ဖွင့်ထားတဲ့ ကျန်းမာရေး ဆရာမတဦးကပြောပါတယ်။

ဆီးချို၊ သွေးချို၊ သွေးတိုး ရောဂါကို နာတာရှည်ရောဂါဖြစ်တဲ့ အတိုင်းအဆအလျောက် ဆေး၀ါးကို ပုံမှန် မှီ၀ဲသုံးစွဲရတာဖြစ်ပါတယ်။ အာဏာသိမ်းမှုကြောင့် ခေတ်ပျက်နေတဲ့ မြန်မာနိုင်ငံထဲမှာ အမြဲလိုလို စစ်ရေးအခြေအနေ တင်းမာနေတဲ့ ကရင်နီပြည်နယ်က ပြည်သူတွေအတွက် ဆေး၀ါးရရှိမှုက အလွန်အင်မတန်မှ ခက်ခဲလာပါတယ်။ ဒီလိုခက်ခဲတဲ့အခြေနေကြောင့် ဆေး၀ါး စွဲစွဲမြဲမြဲ မသောက်သုံးနိုင်သူတွေ ရှိနေပါတယ်။

ဓာတ်ပုံ-CJ
April 27, 2026
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်...
April 25, 2026
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့...
ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...
ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...