သံတွဲတွင် စစ်မှုထမ်းဥပဒေကြောင့် နုတ်ထွက်စာတင်သည့် အုပ်ချုပ်ရေးမှူးများ ရေတပ်ဗိုလ်မှူး ခြိမ်းခြောက်

သံတွဲတွင် စစ်မှုထမ်းဥပဒေကြောင့် နုတ်ထွက်စာတင်သည့် အုပ်ချုပ်ရေးမှူးများ ရေတပ်ဗိုလ်မှူး ခြိမ်းခြောက်

သံတွဲမြို့နယ်ထဲတွင် စစ်မှုထမ်းဥပဒေဖိအားများကြောင့် နုတ်ထွက်စာတင်သည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီရေတပ်ဗိုလ်မှူး အဆင့်ရှိသူက ခြိမ်းခြောက်ပြောဆိုကြောင်း သတင်းရရှိသည်။

မတ်လ ၂၉ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူးများအား သံတွဲခရိုင်ထွေအုပ်ရုံးသို့ အစည်းအဝေး ခေါ်ယူခဲ့ပြီး နုတ်ထွက်စာတင်သည့် အုပ်ချုပ်ရေးမှူးများကို ရေတပ်ဗိုလ်မှူးက ခြိမ်းခြောက် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

" စစ်မှုထမ်းဥပဒေကြောင့် သံတွဲမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး အတော်များများ နုတ်ထွက်စာ တင်ကြတယ်။ အဲဒီလို နုတ်ထွက်စာတင်တာကို အုပ်ချုပ်ရေးမှူးတွေ ကိုယ့်ဘဝကိုယ်တွေးဆိုပြီး ခြိမ်းခြောက်တာ။ နေဗီက ဗိုလ်မှူးတယောက်ကအဲဒီလိုပြောတာ" ဟု သူကပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ စစ်ကောင်စီ၏ဖိအားပေးမှုများနှင့် ကျေးရွာသားများ၏ မကျေမလည်အငြိုးအတေးထားခံရမှုများကြား အကျပ်ရိုက်ကာ နုတ်ထွက်စာတင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့နှုတ်ထွက်စာတင်ခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနအထိအဆင့်ဆင့် နုတ်ထွက်ခွင့် ရယူရမည်ဟု ဆိုကာ နှုတ်ထွက်ခွင့်အားလုံးကိုဆိုင်းငံ့ထားကြောင်းလည်းသိရသည်။

" အခုတကြိမ်မှာတော့ စစ်တပ်ဘက်ကအုပ်ချုပ်ရေးမှူးတွေကိုခြိမ်းခြောက်လာတာ။ သူတို့ခိုင်းတဲ့ အတိုင်း စစ်မှုထမ်းမစုဆောင်းပေးနိုင်ဘူးလို့ အုပ်ချုပ်ရေးမှူးတွေဘက်က ငြင်းဆန်ထားကြတော့ အကျပ်ကိုင်ပြီး ခြိမ်းခြောက်လာတာပေါ့။ ဒါတွေကိုကြည့်ရင် စစ်တပ်ဟာသူ့အလိုမကျရင် ကိုယ့်ဘက် သူ့ဘက်မခွဲခြားဘူး။ ဘယ်သူ့ကိုမဆို အကြမ်းဖက်ဖို့အဆင်သင့်ဆိုတာမျိုးပေါ့" ဟု ကျေးရွာ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ထိုသို့ ရေတပ်ဗိုလ်မှူးကခြိမ်းခြောက်ပြီး နောက်တရက် ယမန်နေ့ မတ်လ ၃၀ ရက်က စစ်ကောင်စီ နေဗီမှသံတွဲမြို့နယ်အစပ် ဒေါ်မြရွာသစ်အနီးဝန်းကျင်နေရာများသို့ တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ လက်နက်ကြီးများတရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

သံတွဲမြို့နယ်တွင် စစ်မှုထမ်းဥပဒေနှင့်ရွာသားများကိုဖိအားပေးသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံရမှုဖြစ်စဥ်လည်းရှိနေပြီး မတ်လ ၂၁ ရက်က ပြည်သူ့စစ်မှုထမ်းအတင်းစုဆောင်းနေသည့် သံတွဲမြို့နယ်၊ ဒါဝကျေးရွာ ရာအိမ်မှူး ဦးဝင်းရွှေမှာ သတ်ဖြတ်ခံခဲ့ရကြောင်းသိရသည်။

Most read this week

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...