ကျောက်ဖြူရှိ မွတ်ဆလင်ဒုက္ခသည်များကို စစ်ကောင်စီက စစ်မြေပြင်သို့ ပို့ဆောင်

ကျောက်ဖြူရှိ မွတ်ဆလင်ဒုက္ခသည်များကို စစ်ကောင်စီက စစ်မြေပြင်သို့ ပို့ဆောင်
စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - cincds
စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - cincds

စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ဆောင်ခံရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ မွတ်ဆလင်များကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးပြီး ရှေ့တန်းစစ်မြေပြင်သို့ စတင်ပို့ဆောင်နေကြောင်း မွတ်ဆလင်များထံမှ သိရသည်။

မွတ်ဆလင်ဒုက္ခသည် အယောက် (၅၀)ခန့်ကို ယနေ့ မတ်လ ၂၈ ရက်တွင် ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများရှိနေသော မလကျွန်း၊ ပြိုင်းစေ့ကေ၊ သစ်ပုတ်တောင် စသည့်နေရာများသို့ ပို့ဆောင်ခဲ့ကြောင်း မွတ်ဆလင်များက ပြောသည်။

“ဒီနေ့ မနက် ၉ နာရီလောက်မှာ အမှတ် (၅၄၂) တပ်ရင်းကနေ မွတ်ဆလင်ဒုက္ခသည်တွေကို ကားတွေနဲ့ခေါ်သွားတာ။ ပြီးတော့ စစ်မကြာခဏဖြစ်နေတဲ့ မြို့အပြင်ကနေရာတွေနဲ့ မြို့ပေါ်က အထိုင်ချကင်းစခန်တွေကို လူခွဲပြီးတော့ ပို့လိုက်တယ်လို့ သိရတယ်” ဟု ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ ထွက်ပြေးနေ သူ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။

မလကျွန်း၊ ပြိုင်းစေ့ကေနှင့် သစ်ပုတ်တောင်ကျေးရွာအနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအစောပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှု (၄)ကြိမ်ထက်မနည်းရှိခဲ့ပြီး လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေးတင်းမာမှုများ ရှိနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်က ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ မွတ်ဆလင် ၁၀၀ ကျော်ကို စစ်ကောင်စီက အတင်းအဓမ္မဖမ်းဆီးပြီး ကျောက်ဖြူနယ်မြေစစ်တပ်ရင်း(၃၄)တွင် စစ်သင်တန်း (၁)လခန့်ပေးပြီးနောက် စစ်မြေပြင်သို့ အသုတ်လိုက် ပို့ဆောင်နေခြင်းဖြစ်သည်။

“ကျနော်တို့ ထွက်ပြေးလွတ်မြောက်လာတော့ စခန်းမှာရှိတဲ့ အမျိုးသား ၁၀၀ ကျော်ဟာ ဖမ်းဆီးနှိပ်စက်တာတွေကို ခံရတယ်။ အဲဒီထဲက သန်သန်မာမာမှန်သမျှကို အတင်းအကျပ် စစ်မှုထမ်းခိုင်းပြီး အခုဆိုရင် စစ်ရေးတင်းမှာနေတဲ့ နေရာတွေကိုပါ ပို့ဆောင်လာတာမျိုးဖြစ်တယ်” ဟု ကျောက်တစ်လုံးစခန်းမှ ထွက်ပြေးနေသူ နောက်တစ်ဦးက ပြောသည်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ မွတ်ဆင်လင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀ ခန့်မှာ စစ်မှုမထမ်းလို၍ ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ရာနယ်မြေများတွင် ထွက်ပြေးခိုလှုံလျက်ရှိသည်။ ထို့ကြောင့် ထွက်ပြေးနေသူများ ပြန်လာခြင်းမရှိလျှင် ပြည်နှင်ဒဏ်ပေးပြီး ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကိုလည်း ဖမ်းဆီးမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

စစ်မြေပြင်ရောက် မွတ်ဆလင်များအနေဖြင့် ထွက်ပြေးရန်ကြိုးပမ်းပါက ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကို သတ်ဖြတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားကြောင်း မွတ်ဆလင်များက ပြောသည်။

စစ်မှုထမ်းရန်ဆောင်ခံရသူ၏ မိသားစုဝင်တစ်ဦးက “ကျနော်တို့မှာ ငြင်းပယ်ခွင့်မရှိဘူး။ ကျနော်တို့ရဲ့ မိသားစုတွေက စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေရာမှာဆိုတော့ အကျဉ်းအကျပ်ထဲကို ရောက်နေကြရတာ။ ဒီလို အနိုင်ကျင့် နှိပ်စက်ခံရမှုတွေကနေ အမြန်ဆုံးလွတ်မြောက်ချင်ပြီ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ရခိုင်ဒေသအတွင်း စစ်ရှုံးနေသောစစ်ကောင်စီသည် မွတ်ဆလင်များကို အတင်းအကျပ် စစ်မှုထမ်းခိုင်းပြီး စစ်မြေပြင်သို့ ပို့ဆောင်နေသည့်အပြင် ရခိုင်နှင့်မွတ်ဆလင်ကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများ လုပ်ဆောင်နေကြောင်း နှစ်ဖက်အသိုင်းအဝိုင်းက ပြောဆိုထားကြသည်။

ရခိုင်ပြည်သူများအနေဖြင့်လည်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်လာစေရန် လုပ်ဆောင်နေသော စစ်ကောင်စီ၏ နိုင်ငံရေးထောင်ချောက်ထဲသို့ သက်ဆင်းမသွားစေရန် သတိထားစောင့်ကြည့်ကြဖို့ AA က တိုက်တွန်းထားသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...