သံတွဲ သူဌေးရေအားလျှပ်စစ်စီမံကိန်းတွင် စစ်ကောင်စီက တပ်အင်အားဖြည့်တင်းပြီး အမြောက်လက်နက်ကြီးများအထိုင်ချ

သံတွဲ သူဌေးရေအားလျှပ်စစ်စီမံကိန်းတွင် စစ်ကောင်စီက တပ်အင်အားဖြည့်တင်းပြီး အမြောက်လက်နက်ကြီးများအထိုင်ချ
ဓာတ်ပုံ- နိရဉ္စရာနှင့်ဆင်ဟွာ
ဓာတ်ပုံ- နိရဉ္စရာနှင့်ဆင်ဟွာ

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်းထဲတွင် စစ်ကောင်စီက အင်အား ဖြည့်တင်းပြီး လက်နက်ကြီးတပ် အထိုင်ချထားသည်ဟု သူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့်နီးစပ်သည့် ဒေသအတွင်း သတင်းရင်းမြစ်အရ သိရသည်။

“မနေ့ နေ့လယ်က လက်နက်ကြီးတွေသယ်လာပြီးတပ်လိုက်တာ။ဟောင်ဝစ်ဇာတွေ ငါးလက် ချထားတယ်" ဟု ပြောသည်။

ရေအားလျှပ်စစ်စီမံကိန်းထဲ မတ်လ ၂၄ ရက်နေ့က  ဟောင်ဝစ်ဇာ ၅ လက် အထိုင်ချ တပ်ဆင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းသတင်းရင်းမြစ်က ပြောသည်။

" စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ (၅) အခြေစိုက်တောင်ကုတ်မြို့နယ်အပါအဝင် ရခိုင်တောင်ဘက် မြို့နယ်များတွင် တိုက်ပွဲများဖြစ်လာသော်လည်း သူဌေး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှုမှာ စစ်ကောင်စီ ၏လုံခြုံရေးအစီအစဥ်ဖြင့် ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။

သူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့် ၂ မိုင်ခန့်အကွာ သံတွဲမြို့နယ်အစပ်နှင့် တောင်ကုတ် မြို့နယ် အစပ်တို့တွင်လည်း စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော်တို့ တောက်လျှောက် စစ်ရေးတင်းမာနေသည်။

အထူးသဖြင့် တောင်ကုတ်မြို့နယ်၊ ဟုန်းပေါက်ကျေးရွာအနီးတဝိုက်နှင့် ဒေါ်မြရွာသစ်အနီးရှိ ချီချောင်းဒေသများကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်ကဂျက်တိုက်လေယာဥ်ဖြင့်ဗုံးကြဲမှုအပြင် နေဗီမှပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများကပြောသည်။

သူဌေးရေအားလျှပ်စစ်အတွင်းလုပ်ကိုင်နေသည့် နေ့စားအလုပ်သမားများကို မှတ်ပုံတင်စစ်ဆေးပြီးမှ လုပ်ငန်းခွင်အဝင်အထွက်ခွင့်ပြုခြင်း၊ ယာဥ်မောင်းများအား အပြင်ထွက်ခွင့်တားမြစ်ခြင်းများကို စစ်ကောင်စီ၏လုံခြုံရေးစစ်သားနှင့်ရဲများက တင်းတင်းကျပ်ကျပ်ပြုလုပ်နေကြောင်း နေ့စား အလုပ်သမားများက ပြောဆိုကြသည်။

"ရေအားထဲက ကားမောင်းသမားမှန်သမျှ အပြင်ထွက်ခွင့်မပေးဘူး။ အထဲမှာ စစ်သားနဲ့ရဲတွေ ၇၀ လောက်ချထားတယ်" ဟု နိရဥ္ရရာ၏သတင်းရင်းမြစ်က ပြောသည်။

ယနေ့မတ်လ ၂၄ ရက်မနက်ပိုင်းကလည်း သူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့်သိပ်မဝေးသည့် ဟုန်းပေါက်ကျေးရွာအနီး ဇင်ပြွန်းတောင်ဘက်ကို စစ်တပ်နေဗီမှ လက်နက်ကြီး ၅ ကြိမ်ထက် မနည်းလှမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

မတ်လ ၂၀ ရက်၊ နေ့လယ် ၁ နာရီအချိန်လောက်က လည်း တောင်ကုတ်မြို့နယ်၊ ဟုန်းပေါက် ကျေးရွာနှင့် သံတွဲမြို့နယ် ဒေါ်မြရွာသစ်ကြားမှ ချီချောင်းအနီးတောင်များကို စစ်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...