အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရခိုင်စစ်ဘေးရှောင်များ နေထိုင်ရေးအခက်ကြုံ

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရခိုင်စစ်ဘေးရှောင်များ နေထိုင်ရေးအခက်ကြုံ
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များအား ဇန်နဝါရီလကုန်ပိုင်းက တွေ့ရစဉ်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များအား ဇန်နဝါရီလကုန်ပိုင်းက တွေ့ရစဉ်။

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရခိုင်ပြည်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသော စစ်ဘေးရှောင်များမှာ နေထိုင်ရေး၊ ချက်ပြုတ်စားသောက်ရေး အခက်အခဲများ ကြုံတွေ့နေကြရကြောင်း သိရသည်။

ယမန့်နေ့ညအချိန်က လေပြင်းတိုက်ခိုက်မှုနှင့်အတူ မိုးအနည်းငယ်ရွာသွန်းခဲ့မှုကြောင့် ချက်ပြုတ်စားသောက်ရေး၊ အိပ်စက်ရန်နေရာအခက်အခဲများကို ရင်ဆိုင်ခဲ့ရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

“ကျနော်တို့က ကားလမ်းမဘေးမှာ တဲထိုးပြီး နေနေရတာ။ အမိုးအကာလည်းမလုံဘူး။ လေပြင်းတိုက်ရင် အကုန်လုံးလွှင့်စင်သွားတယ်။ မနေ့က မိုးရွာတော့ အိပ်ဖို့နေရာမရှိ ဖြစ်ခဲ့ရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

မိုးဇလ၏ မတ်လ ၂၁ ရက် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်သဖြင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်တွင် (၁)ရက်မှ (၂)ခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု ခန့်မှန့်ထားသည်။

ထို့ကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နှင့် ရမ်းဗြဲ စသည့်မြို့နယ်များက စစ်ဘေးရှောင်များမှာ အမိုးအကာမလုံခြုံမှုကို ရင်ဆိုင်နေကြရသည်။

“မိုးရွာတော့ တော်တော်လေးအခက်အခဲဖြစ်ရတယ်။ ဟိုနေရာကိုရွှေ့ ဒီနေရာကိုရွှေ့နဲ့ မိုးလုံမယ့်နေရာကို ပြောင်းနေရတယ်။ အမိုးအကာလည်းမရှိတော့ အကုန်လုံးက ဒုက္ခရောက်ကြတာပဲ” ဟု ပေါက်တောမြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ သုံးသိန်းကျော်ထိ တိုးလာနေပြီး စားနပ်ရိက္ခာ၊ နေထိုင်ရေး၊ အမိုးအကာနှင့် ဆေးဝါးအကူအညီ လိုအပ်ချက်များ မြင့်မားလျက်ရှိသည်။

စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသော ရခိုင်က စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်မှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)ကလည်း ထုတ်ပြန်ထားသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...