၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲပေါင်း ၁၈၀ ခန့်ဖြစ်ပွားခဲ့

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲပေါင်း ၁၈၀ ခန့်ဖြစ်ပွားခဲ့
ဓာတ်ပုံ - AA Info Desk
ဓာတ်ပုံ - AA Info Desk

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၁၂ ရက်အထိ ၆ လနီးပါးအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှု ၁၇၉ ကြိမ်အထိရှိခဲ့သည်ဟု BNI-Myanmar Peace Monitor ၏ မှတ်တမ်းများအရ သိရသည်။

တိုက်ပွဲဖြစ်ပွားမှုမှာ အောက်တိုဘာ (၁) ကြိမ်၊ နိုဝင်ဘာ (၃၂)ကြိမ်၊ ဒီဇင်ဘာ (၃၆)ကြိမ်၊ ဇန်နဝါရီ (၅၄)ကြိမ်၊ ဖေဖော်ဝါရီ (၄၆)ကြိမ်နှင့် ယခုလ (၁၂)ရက်ထိ (၁၀)ကြိမ်ရှိကြောင်း BNI မှတ်တမ်းများတွင် ဖော်ပြသည်။

“တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့် ရရှိလာတဲ့ ဟိုင်ဂင်သဘောတူညီချက်အလွန် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကစလို့ ရက္ခိုင့်တပ်တော်ရဲ့ အာဏာသိမ်းစစ်အုပ်စုအပေါ် ထိုးစစ်ဆင်တိုက်ပွဲတွေဟာ ပိုမိုအရှိန်အဟုန် အားကောင်းလာခဲ့ပါတယ်” ဟု  BNI က ဆိုသည်။

ရက္ခိုင့်တပ်တော်(AA)က စစ်ရေးအရှိန်အဟုန် မြှင့်တင်တိုက်ခိုက်မှုနှင့်အတူ ယခုအခါ ရခိုင်ဒေသက မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်သည်။ လက်ရှိတွင်လည်း မောင်တော၊ ဘူးသီးတောင်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် AA က ထိုးစစ်အရှိန်အဟုန်မြှင့်ကာ တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိသည်။

၁၀၂၇ စစ်ရေးစတင်ပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့ပေါင် ၅၀ အထိရှိပြီး ယင်းထဲတွင် AA က မြို့အများဆုံး သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည်ဟု BNI က ဆိုသည်။

“ရခိုင်ဒေသတစ်ခုလုံးကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးအရ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားတဲ့အတွက် ဟိုင်ဂင်သဘောတူညီချက်အလွန် ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲ စစ်ရေးအဟုန်ဟာ ရခိုင်ဒေသလွတ်မြောက်ရေးဆီသို့ ဦးတည်နေပါတယ်” ဟု BNI က သုံးသပ်ထားသည်။

ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ လေးလကျော်ထိကြာမြင့်လာပြီး စစ်ရေးကြောင့် နေရပ်စွန့်ခွာသူဦးရေ သုံးသိန်းကျော်ထိရှိနေသည်။

April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...
March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...