“အလှူရှင်တွေနဲ့ ဝမ်းစာရှင်းနေတဲ့ ကရင်နီစစ်ရှောင်တွေအတွက် ရေရှည်ရပ်တည်မှု လိုအပ်ချက်”

“အလှူရှင်တွေနဲ့ ဝမ်းစာရှင်းနေတဲ့ ကရင်နီစစ်ရှောင်တွေအတွက် ရေရှည်ရပ်တည်မှု လိုအပ်ချက်”

မော်ဦးမြာ — စစ်ဘေးကြောင့် တိမ်းရှောင်နေရတဲ့ ကရင်နီစစ်ဘေးရှောင်တွေဟာ အလှူရှင်တွေရဲ့ အကူအညီတွေနဲ့ ဝမ်းစာဖြေရှင်းလာတာ ၂၀၂၄ ခုနှစ် မေလနှောင်းပိုင်းဆို ၃ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ စစ်ဘေးတိမ်းရှောင်ရတဲ့ ကာလ ကြာမြင့်လာတာနဲ့အမျှ အလှူရှင်တွေ ထောက်ပံ့မှုအားလည်း နည်းပါးလာပါတယ်။ အလှူရှင်တွေကိုယ်တိုင်မှာလည်း တစ်နိုင်တစ်ပိုင် လှူဒါန်းနေကြတာကြောင့်ပါ။

ကရင်နီစစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အလှူရှင်တွေဟာလည်း ပုံစံမျိုးစုံ ရှိနေကြပါတယ်။ တသီးပုဂ္ဂလ ဖြစ်စေ၊ အစုအဖွဲ့ငယ်လေး ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဖြစ်စေ နိုင်ရာဝန်ကို ထမ်းပြီး ကူညီဆောင်ရွက်နေကြပါတယ်။ စစ်ဘေးရှောင်ကာလ ရှည်ကြာလာတာနဲ့အမျှ ပံ့ပိုးနိုင်မှု လျော့နည်းလာတာကြောင့် ယခင်ကထက် စစ်ဘေးရှောင်တွေကို ကူညီပံ့ပိုးနိုင်မှု လျော့ကျသွားတယ်လို့ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ပေးနေသူတွေက ပြောလာပါတယ်။

လူဦးရေ သုံးသိန်းကျော်ကျော်သာ ရှိတဲ့ ကရင်နီပြည်မှာ တစ်ပြည်နယ်လုံး စစ်ဘေးတိမ်းရှောင်နေရသလို နယ်စပ်ပြည်နယ်တွေဟာလည်း စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ပြည်နယ်တွင်းကို ကုန်သွယ်စီးဆင်းနိုင်မှုတွေ ပိတ်ဆို့သွားပါတယ်။

ကရင်နီပြည်ရဲ့ လတ်တလောအခြေအနေမှာတော့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည်၊ ကရင် အသီးသီးဟာလည်း စစ်ရေးအခြေအနေတွေ ပိုမိုပြင်းထန်လာတာကြောင့် ကရင်နီပြည်အနေနဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးတွေကို ဖြေရှင်းနိုင်ဖို့ နယ်နိမိတ်ထိစပ်တဲ့ ထိုင်းနိုင်ငံကိုသာ မျှော်လင့်ဖို့ ဖြစ်လာပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha - Nukara က  လုံခြုံရေး၊ စီးပွားရေးနဲ့ ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပဏာမခြေလှမ်းတွေနဲ့ပတ်သက်ပြီး အမေရိကန်ကို ရောက်ရှိကာ ဘလင်ကင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာဒုက္ခသည်တွေအတွက် ထိုင်းနိုင်ငံက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးဖို့ကိစ္စနဲ့ပတ်သက်ပြီး ထောက်ခံကူညီပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးချက်ကို အမေရိကန်က အသိအမှတ်ပြုထောက်ခံတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီကို မြန်မာ့ကြက်ခြေနီအသင်းနဲ့သာ ဆက်လက်ပူးပေါင်းလုပ်ဆောင်နေရင် အကူအညီတွေက အမှန်တကယ်လိုအပ်နေတဲ့ စစ်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ အရပ်သားတွေဆီကို မရောက်ရှိနိုင်တာကြောင့် အမှန်တကယ် အကူအညီလိုအပ်နေတဲ့ လူတစ်ဦးချင်းနဲ့ အဖွဲ့များထံ အကူအညီရောက်စေရေးအတွက် အမေရိကန်ကလည်း ထိုင်းအစိုးရနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်။

January 31, 2026
ကရင်နီပြည်မှာရှိတဲ့ ကိန္နရီပညာရေးစင်တာ (KEC) ကနေ ကရာတေးအားကစားသင်တန်းကို ၃လကြာ...
ဓါတ်ပုံ - KNWO
January 30, 2026
စစ်ကော်မရှင် အာဏာသိမ်းကာလအတွင်း အကြမ်းဖက်မှုပေါင်းစုံကြုံတွေ့နေရတဲ့ အမျိုးသမီးတွေ များလာပြီး...
ဘောလခဲပြည်သူ့ဆေးရုံကို သန့်ရှင်းရေးပြန်လုပ်နေကြတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတွေ့ရစဥ်။ (ဓါတ်ပုံ -ခရိုင်ပြန်/ဆက်)
January 29, 2026
ကရင်နီပြည်၊ ဘောလခဲမြို့မှာ မြို့နယ်ပြည်သူ့ဆေးရုံကို ပြန်ဖွင့်ဖို့ ဆေးရုံးအနီးအနားဝန်းကျင်ကို...
January 28, 2026
ရှမ်း-ကရင်နီနယ်စပ်က မိုး‌ဗြဲမြို့မှာ လတ်တလော မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုမရှိပေမယ့်...