စစ်ကောင်စီတပ်မှ ပုဏ္ဏားကျွန်းမြို့ကို ဝင်ရောက် မီးရှို့

စစ်ကောင်စီတပ်မှ ပုဏ္ဏားကျွန်းမြို့ကို ဝင်ရောက် မီးရှို့

စစ်ကောင်စီတပ်သားများက ပု‌ဏ္ဏားကျွန်းမြို့ထဲသို့ ဝင်ရောက်၍ အကြောင်းမဲ့ မီးရှို့သဖြင့် ယနေ့ နေ့လယ်က နေအိမ်များမီးလောင်နေကြောင်း သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက  "ရွှေတောင်ကြားလမ်းနဲ့စံပြရပ်ကွက်ကိုခွဲထားတဲ့ အထက်နားမှာ ကင်းတောင်ရှိတယ်။ အဲ့ဒီကင်းတောင်က စစ်သားတွေက မီးဝင်ရှို့တာ။ ဓာတ်ဆီတွေလောင်းပြီး။ ရှို့ပြီး ပြန်သွားတာ။ မီးလောင်ဖို့ခက်တဲ့အိမ်အကြီးတွေကို ဓာတ်ဆီအများကြီး‌ လောင်းပြီး အိမ်အငယ် တွေကိုတော့ မီးအစပျိုးခခဲ့တယ်‌ပြောတယ်။ အလယ်စုရပ်ကွက်တစ်ခုလုံး ပြာကျလုနီးပါးဖြစ်သွားပြီ။ မီးကတော့ အခု နေ့လယ် တစ်နာရီထိလောင်တုန်းလို့သိရတယ်။ တစ်မြို့လုံး နီးပါးလောင်နေတာ " ဟု နိရဉ္စရာကိုပြောသည်။

ယနေ့ ဖော်ဖော်ဝါရီ ၂၀ရက် နံနက် ၁၁နာရီခန့်က ကင်းတောင်ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများသည် မြို့ထဲကိုဝင်ရောက်၍ မီးရှို့ခဲ့ သည့်အတွက် အလယ်စုရပ်ကွက်မှ စတင်၍ မီးလောင်ကျွမ်းနေသည်ဟု တခြားသတင်းရင်းမြစ်များကလည်း ပြောကြားသည်။

ကင်း‌‌တောင်ကုန်းပေါ်က စစ်ကောင်စီတပ်မှ မီးရှို့ပြန်သွားပြီးနောက် အပြန်အလှန် ပစ်ခတ်သံများကို ကြားနေရသည်ဟု မြို့ခံတစ်ဦးကပြောသည်။

" အပြန်အလှန်ပစ်ခတ်သံတော့ကြားတယ်။ဒါပေမယ့် တိုက်ပွဲလား ဘာဖြစ်တာလဲသေချာမသိရပါဘူး" ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့ရှိ ခမရ  ၅၅၀တပ်ရင်းတွင် ဒေသခံတပ်သားများနှင့် တပ်မ (၂၂) မှ တပ်သားများအကြား လက်နက်ချရန်အုပ်စုနှင့် လက်နက်မချသည့်အုပ်စု နှစ်ခုကွဲနေပြီး ခမရ ၅၅၀မှ လက်နက်ချထားသူ တချို့လည်း ရှိနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီ၏‌ နေဗီနှင့် ခမရ ၅၅၀တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ စျေးထဲ ကျရောက်ပေါက်ကွဲ၍  ပုဏ္ဏားကျွန်းမြို့မ ဈေးတစ်ခုလုံး မီးလောင်ပြာကျခဲ့ရကြောင်းသိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...