တရုတ်စီမံကိန်းရှိရာ မဒေးကျွန်းနှင့် ငလပွေ့ဆိပ်ကမ်းမှ စစ်ကောင်စီတပ်မိသားစုဝင်များကို စစ်နေဗီများဖြင့် ရွှေ့ပြောင်း

တရုတ်စီမံကိန်းရှိရာ မဒေးကျွန်းနှင့် ငလပွေ့ဆိပ်ကမ်းမှ စစ်ကောင်စီတပ်မိသားစုဝင်များကို စစ်နေဗီများဖြင့် ရွှေ့ပြောင်း

တရုတ်စီမံကိန်းရှိရာ မဒေးကျွန်းနှင့် ကျောက်ဖြူမြို့နယ် ငလပွေ့ဆိပ်ကမ်းတို့မှ စစ်ကောင်စီတပ် မိသားစုဝင်များကို ဇက်နေဗီများဖြင့် ရွှေ့ပြောင်းသွားကြောင်း သတင်းရရှိသည်။

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် နံနက်အစောပိုင်းတွင် ငလပွေ့ဆိပ်ကမ်းမှ တပ်မိသားစုများအား သစ်ပုတ်တောင်ရေတပ်စခန်းဌာနချုပ်သို့ ရွှေ့ပြောင်းသွားကြောင်းမျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

"ငလပွေ့မှာ အရင်က ရဲစခန်းပဲ ရှိတာ။ နောက်ပိုင်းမှာ စစ်သားတွေတော်တော်များများ အင်အား ဖြည့်ထားတယ်။ နောက်ပြီး အရင်ကစစ်ဆေးရေးဂိတ်က တစ်နေရာတည်းရှိရာကနေ အခုက တော်တော်များများတိုးလုပ်ထားတာရှိတယ်။ ဒီဘက်ဒေသတွေမှာ စစ်ရေးစိတ်မချရတော့တဲ့ အနေအထားမလို့ သူတို့ စစ်တပ်မိသားစုတွေကို ရေတပ်ဌာနချုပ်ကို ရွှေ့လိုက်တာပါ"ဟု ပြောသည်။

ယင်းအပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတည်ရှိရာ မဒေးကျွန်းမှ စစ်ဘက်နှင့် ရဲဘက်ဆိုင်ရာ မိသားစုဝင်များကိုတင်ကာ နေဗီဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၇ နံနက် ၈ နာရီခန့်မှာ ထွက်ခွာရန် ပြင်ဆင် နေသည်ကို တွေ့မြင်ရသည်ဟု မဒေးကျွန်းဒေသခံတစ်ဦးကပြောသည်။

"မနက်က နေဗီ ၄ စီးတောင်ရောက်နေတာ။ ရဲစခန်းနဲ့ စစ်တပ်ကမိသားစုတွေ နေဗီပေါ် တက်ကြတာ တွေ့တယ်။ ပြောင်းရွှေ့ဖို့လုပ်နေကြတာ ထင်တယ်။ ပစ္စည်းတွေကိုလည်း တင်နေကြတယ်။ ဘယ်ကိုသွားမလဲတော့ ကျနော်လည်း မသိပါဘူး"ဟု ယနေ့ နံနက်က ပြောသည်။

ဖေဖော်ဝါရီ ၁၅ နှင့် ၁၆ ရက်တို့တွင်လည်း မအီမြို့မှ တပ်မိသားစုဝင်များနှင့် စစ်ပစ္စည်းများကို ရဟတ်ယာဥ်ဖြင့် ရွှေ့ပြောင်းခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မအီရဲစခန်းမှ ရဲ နှင့်စစ်သားများလည်း စစ်ကားများဖြင့် ထုတ်ခွာသွားခဲ့ကြသည်။

စစ်ကောင်စီသည် အေအေက တစ်မြို့ပြီးတစ်မြို့သိမ်းပိုက်လာပြီး ရမ်းဗြဲ၊ တောင်ကုတ် နှင့် ကျောက်ဖြူတို့တွင် တိုက်ပွဲများဖြစ်ပွါးလာပြီးနောက် တပ်မိသားစုဝင်များအား ကျောက်ဖြူ၊ သံတွဲနှင့် အမ်းတို့ကို ရွှေ့ပြောင်းခဲ့ပြီး ယင်းမှတဆင့် အရာရှိမိသားစုဝင်များအား ရန်ကုန်သို့ပို့ဆောင်ထားကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...