မြေပုံမြို့ကိုလည်း ရက္ခိုင့်တပ်တော်သိမ်းပိုက်

မြေပုံမြို့ကိုလည်း ရက္ခိုင့်တပ်တော်သိမ်းပိုက်

ရက္ခိုင့်တပ်တော်  (AA)သည် နောက်ထပ် မြို့တစ်မြို့ဖြစ်သည့် မြေပုံမြို့ကိုလည်း သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် မြေပုံမြို့ရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများသိမ်းပိုက် ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

“ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော်၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့ များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြေပုံမြို့ပေါ်မှ မိသားစုများ၊ အစိုးရဝန်ထမ်းများ အပါအဝင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၃၀၀ ခန့်သည်  ဖေဖော်ဝါရီ ၁၂ ရက် နံနက် အစောကြီးညအချိန် ၁ နာရီခန့်က မြေပုံမြို့ကို စွန့်ခွာသွားခဲ့ကြသည်။

၎င်းတို့ကို ရေတပ်စစ်ရေယာဉ်ဖြင့် ကျောက်ဖြူမြို့သို့ ခေါ်ယူသွားခြင်းဖြစ်သည်။

၎င်းပြင် ရက္ခိုင့်တပ်တော်သည် မြို့အဆင့်သတ်မှတ်ထားသည့် တောင်ပြို၊ ဆမီး၊ တပ်တောင်၊ ကမ်းထောင်းကြီး၊ လေးတောင်စသည့် မြို့အများအပြားကို သိမ်းပိုက် ထိန်းချုပ်ထားကြောင်း သိရသည်။

တစ်ပြိုင်နက်တည်းတွင် ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိသည်။

အခြားတစ်ဖက်တွင် စစ်ကောင်စီအနေဖြင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...