ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ထားသည့် မင်းပြားမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်အချို့မီးလောင်

ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ထားသည့် မင်းပြားမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်အချို့မီးလောင်

ရက္ခိုင့်တပ်တော် (AA) မှ သိမ်းပိုက်ထားသည့် မင်းပြားမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်အချို့ ကျည်ထိမှန်ပြီး မီးလောင်ခဲ့သည်ဟု သတင်းရရှိသည် ။

မင်းပြားမြို့တွင် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ည ၆နာရီခန့်မှစ၍ မီးလောင်နေသည်ဟု မြင်တွေ့ရသည်ဟု မင်းပြားမြို့နယ်ဖလောင်းပြင်ကျေးရွာသားတစ်ဦးကနိရဉ္စရာကိုပြောသည်။

" စစ်တွေဘက်ကနေ လက်နက်ကြီးနဲ့  ပစ်တာ။ လက်နက်ကြီးကျည်တွေ အခုဦးလေတို့ မြို့ဖက်ကျပြီး  မီးလောင်နေတာမြင်နေရတယ်။  ၇နာရီအထိမငြိမ်းသေးဘူး" ဟုပြောသည်။

သို့သော်လည်း မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာအနီး၌ ကျောက်ချထားသည့် စစ်ကောင်စီ၏ စစ်ရေယာဉ်မှ မင်းပြားမြို့ကို လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေသည်ကို တွေ့ရှိရသည်ဟု    ABN သတင်းတွင် ဖော်ပြထားပါသည်။

မင်းပြားတွင်ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ရက်နေ့ကလည်း စစ်ကောင်စီ၏ နေဗီမှလက်နက်ကြီး ပစ်ခတ်မှုကြောင့် စက္ကရေကျေးရွာမှအမျိုးသား (၁)ဦးနှင့်ခေါင်းလောင်းချောင်းကျေးရွာမှ အမျိုးသား(၁)ဦးသေဆုံးခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁၃ရက်နေ့က ဂျက်တိုက်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ခေါင်းလောင်းချောင်းကျေးရွာမှ နောက်ထပ် အမျိုးသားငယ်(၁)ဦးသေဆုံးသွားသည်ဟု မင်းပြားဒေသခံတစ်ဦးကပြောသည်။

" ၁၂ ရက်နေ့နေဗီ ပြန်ဆုတ်တုန်းက ပစ်သွားတာ (၂)ယောက်သေတယ်။ မနေ့ကဂျက်တိုက်နဲ့ကြဲလို့ ခေါင်းလောင်းချောင်းမှာ (၁)ယောက်သေတယ်" ဟုပြောသည်။

အလားတူ မင်းပြားမြို့နယ် ကျားရှည်ပြင်တွင်လည်း  ယနေ့ ညနေ၃နာရီခန့်လည်း စစ်တွေဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် မီးလောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

June 8, 2026
နှင်းနွယ်နီ — လုံခြုံရေးအခြေအနေကြောင့် ရေလုပ်သားများအားငါးဖမ်းခွင့်ကိုပိတ်ပင်ထားရာမှ...
ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...