မောင်တောမြောက်ပိုင်း နယ်မြေ (၄) မှ နယ်ခြားစောင့် ၂၀၀ ကျော် စခန်းစွန့်ခွာသွားဟုဆို

မောင်တောမြောက်ပိုင်း နယ်မြေ (၄) မှ နယ်ခြားစောင့် ၂၀၀ ကျော် စခန်းစွန့်ခွာသွားဟုဆို

ရခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်း နယ်မြေ (၄) စခန်းမှ နယ်ခြားစောင့်စခန်းနှင့် ဇီးပင်ချောင်း နယ်ခြားစောင့်စခန်းမှ အင်အား  ၂၀၀ ကျော်စခန့်သည်  စခန်းကို စွန့်ခွာသွားကြပြီဖြစ်ကြောင်း သတင်း ရရှိသည်။

၎င်းတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ရက် နံနက် အ‌စောပိုင်းက  နယ်စပ်ခြံစည်းရိုး ဘေးနားမှ ခြေကျင်လျှောက်ကာ  စခန်းစွန့်ခွာသွားကြသည်ဟု မောင်တောမြို့နယ်မှ  ဒေသခံတစ်ဦးက  နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" တိုက်ပွဲတွေတော့မရှိသေးဘူး။ အဲ့ဒီဘက်မှာ၊  စခန်းစွန့်သွားတာက သူတို့အကုန် ဘင်္ဂလာနယ်စပ်နဲ့ ကာရန်ထားတဲ့  ခြံ‌စည်းရိုး ဘေးနားကလမ်းကနေ လမ်းလျှောက်ပြီးစွန့်ခွာသွားကြတာ။ အယောက် ၂၅၀ လောက် ရှိနိုင်တယ် " ဟုပြောသည်။

၎င်းတို့သည် ရခိုင်ပြည် အနောက်ဖက်နယ်စပ် မောင်တောမြို့နယ် ငါးခူရနယ်ခြားစောင့်စခန်း နခခ (၁၀) တွင် ပူးပေါင်းခဲ့ကြသည်ဟု ၎င်းကဆက်ပြောသည်။

"  သူတို့က ဘင်္ဂလားကိုတော့မထွက်ပြေးဘူး။နခခ (၁၀) ငါးခူရဖက်မှာသွားပူးပေါင်းကြတာပါ" ဟုပြောသည်။

ယင်းအပြင် ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့  ထွက်ပြေးလာသူ  နယ်ခြားစောင့်တပ်သား အရေအတွက်မှာ ဖေဖော်ဝါရီ ၇ ရက်နေ့ထိ စုစုပေါင်း ၃၂၇ ဦးရှိသွားပြီဟု သိရသည်။

June 8, 2026
နှင်းနွယ်နီ — လုံခြုံရေးအခြေအနေကြောင့် ရေလုပ်သားများအားငါးဖမ်းခွင့်ကိုပိတ်ပင်ထားရာမှ...
ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...