NCA လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က စစ်ကောင်စီကို တိုက်ခိုက်မည်ဖြစ်ကြောင်းကြေညာ

NCA လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က စစ်ကောင်စီကို တိုက်ခိုက်မည်ဖြစ်ကြောင်းကြေညာ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က စစ်ကောင်စီကို တိုက်ခိုက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

NCA လက်မှတ်ရေးထိုးခဲ့ချိန်မှ လက်ရှိ အချိန်အထိ ရှစ်နှစ်ကြာ NCA စာချုပ်ကို မချိုးဖောက်ဘဲ ရပ်တည်ခဲ့သော်လည်း အာမခံချက်ရှိသည့်  နိုင်ငံရေးရလာဒ် မရခဲ့ဟု (PNLO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုဖြစ်ပေါ်လျှက်ရှိသည့် စစ်ရေး ပဋိပက္ခသည် လူမျိုးရေး ပဋိပက္ခမဟုတ်ဘဲ စစ်အာဏာရှင် ယန္တရားကို လည်ပတ်စေသူ လူတစ်စုနှင့် အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများ၊ တစ်ပြည်လုံးရှိ ပြည်သူလူထုတို့အကြား ဖြစ်ပွားနေသော  ပဋိပက္ခသာဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင်းတနေသော ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်သည်အထိ ဘ၀တူ ညီနှောင်မဟာမိတ်များနှင့် အတူ ဆင်နွှဲသွားမည်ဖြစ်ကြောင်းလည်း PNLO ကတိပြုထားသည်။

Most read this week

May 1, 2024
ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေချိန်တွင် တရုတ်လူမျိုး ၅၀၀ ခန့်သည် ကျောက်ဖြူမြို့သို့...
April 29, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအထဲကို တိုက်ပွဲထဲက လက်နက်ကြီး ကျည်တွေ...
April 24, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ...