NCA လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က စစ်ကောင်စီကို တိုက်ခိုက်မည်ဖြစ်ကြောင်းကြေညာ

NCA လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က စစ်ကောင်စီကို တိုက်ခိုက်မည်ဖြစ်ကြောင်းကြေညာ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က စစ်ကောင်စီကို တိုက်ခိုက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

NCA လက်မှတ်ရေးထိုးခဲ့ချိန်မှ လက်ရှိ အချိန်အထိ ရှစ်နှစ်ကြာ NCA စာချုပ်ကို မချိုးဖောက်ဘဲ ရပ်တည်ခဲ့သော်လည်း အာမခံချက်ရှိသည့်  နိုင်ငံရေးရလာဒ် မရခဲ့ဟု (PNLO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုဖြစ်ပေါ်လျှက်ရှိသည့် စစ်ရေး ပဋိပက္ခသည် လူမျိုးရေး ပဋိပက္ခမဟုတ်ဘဲ စစ်အာဏာရှင် ယန္တရားကို လည်ပတ်စေသူ လူတစ်စုနှင့် အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများ၊ တစ်ပြည်လုံးရှိ ပြည်သူလူထုတို့အကြား ဖြစ်ပွားနေသော  ပဋိပက္ခသာဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင်းတနေသော ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်သည်အထိ ဘ၀တူ ညီနှောင်မဟာမိတ်များနှင့် အတူ ဆင်နွှဲသွားမည်ဖြစ်ကြောင်းလည်း PNLO ကတိပြုထားသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...