တနင်္သာရီတိုင်းတွင် ပထမဆုံး စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်းတွင် ပထမဆုံး စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်းတွင် ပထမဆုံး စစ်ကောင်စီ စခန်းတစ်ခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

၎င်းစခန်းမှာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျောက်ထုစစ်ဆင်ရေးခြေကုပ်စခန်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ထားဝယ်ခရိုင် T1 စစ်ကြောင်း၊ T5 စစ်ကြောင်းနှင့် ဒေါင်းမင်းစစ်ကြောင်း ပူပေါင်းတပ်များ၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၄၊ တပ်ရင်း ၁၂ ၊ KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇ တို့က ၎င်းစခန်းအား တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ကျောက်ထုစစ်ဆင်ရေး ခြေကုပ်စခန်းအား ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့ ညနေ (၂:၃၀) ခန့်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ ပြီး ရန်သူဖက်မှ ( ၁၅ ) ဦးသေဆုံး၊ (၇) ဦး အရှင်ဖမ်းမိ၊ (၂) ဦး ဒဏ်ရာရရှိခဲ့ကာ မိမိတို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုလုံးဝမရှိခဲ့ဟု သိရသည်။

အဆိုပါ စခန်းမှ MA-1 (၄) လက်၊ MA-2 (၂)လက်၊ MA-3 (၆) လက်၊ MA-4 (၁) လက်၊ MA-5 (၁) လက်၊ ငါးကြင်းမြီး (၁) လက်၊ ငါးကြင်းမြီး ကျည်ကဒ် (၁) ခု၊ ငါးကြင်းမြီး ပြောင်းပို (၁) ခု၊ RPG (၁) လက်၊ RPG ကျည် (၅) လုံး၊ RPG ပို့ယမ်း (၃) တောင့်၊ စကစကျည်ဘောက် (၃၃) ဘောက်၊ (၆၀) မမ ကွန်မန်ဒိုစိန်ပြောင်း (၂) လက်၊ (၆၀) မမ ကျည် (၁၆) လုံး၊ ၄၀ မမကျည် (၄၂) လုံး၊ လက်ပစ်ဗုံး (၄) လုံး၊ ရှေ့ထွက်မိုင်း (၁၇) လုံး၊ တိုက်မိုင်း (၁၆) လုံး၊ တိုက်မိုင်းငုတ်တိုင် (၁၆) တိုင်၊ တိုက်မိုင်းကပ်ဖြူ့စ် (၉) ခု၊ ပလက်စတစ်နင်းမိုင်း အသေး (၃၅) လုံး၊ နင်းမိုင်းအသေး ကပ်ဖြူ့စ် (၂၅) တောင့်၊ အီနာဂါ (၄) လုံး၊ သံခမောက် (၂) လုံး၊ ၆၀မမ အောက်ခံပြား (၁) ခု၊ ၆၀ မမ ထောက်တိုင် (၁) တိုင် ၊စကားပြောစက် အသေး (၂) လုံး၊ စကားပြောစက် အထိုင်စက်အကြီး (၁) လုံး၊ စကားပြောစက်ဒိုင်နမိုအားသွင်းစက် (၁) လုံး၊ ၅.၅၆ စကစကျည် (၃၀၉၀) တောင့်၊ ၇.၆၂ စကစ ကျည် (၁၁၀၀) တောင့်အား သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...