လွိုင်ကော်မြို့ စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် မီးလောင်ဗုံးကြဲချ

လွိုင်ကော်မြို့ စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် မီးလောင်ဗုံးကြဲချ

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ကို စစ်ကောင်စီမှ ဒရုန်းဖြင့် မီးလောင်း ဗုံးကြဲခဲ့သဖြင့် ဈေးနှင့် ရပ်ကွက်ရှိ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်  ဈေးပိုင်းရပ်ကွက်ရှိ  လွိုင်ကော်မြို(၂)ထပ်ဈေးတဝှိက် နှင့် ပြည်သူပိုင်နေအိမ်များကို ယနေ့ (ဇန်နဝါရီလ ၂၆) ရက် နေ့လည်း ၁ နာရီ ဝန်းကျင်တွင် မီးလောင်ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း JOBS From Kayah ကနေထုတ်ပြန်ထားပါသည်။

“လွိုင်ကော်နှစ်ထပ်ဈေး မပေါ်ထပ်ကပရိဘောကတွေ၊ဆောင်တွေ၊အလှပြင်ပစ္စည်းတွေ၊အိမ်သုံးပစ္စည်း တွေလေ၊အောက်မှာတော့ ဆိုင်ခန်းတွေပေါ့ သံပစ္စည်းတွေဘာညာပေါ်နော်။ရွှေဆိုင်တွေ၊ဆေးဆိုင်တွေပေါ့  ဘေးတွေနားတွေကြတော့ ဟိုတယ်တွေရှိတယ်လေ အကုန်လုံးမီးလောင်နေတဲ့ ဟာတွေက လောင်နေပါပြီး”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“၁၁.၁၁”စစ်ဆင်ရေးအတွင်း စစ်ကောင်စီမှ  လွိုင်ကော်မြို့နယ်ကို လက်နက်ကြီး၊ဒရုန်း၊လေယာဉ် အသုံးပြုပစ်ခတ်မှုများကြောင့်  ရပ်ကွက်ရှိလူနေအိမ်များ ဈေများ  ၁၀ ရာခိုင်နှုန်းထက်မနည်း ပျက်စီးမှုရှိကြောင်း သိရသည်။

Most read this week

December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...