ရခိုင်မြောက်ပိုင်းမှ အကြီးမားဆုံး စစ်စခန်း ကျောက်တော်စကခ(၉) ဌာနချုပ်ကို ရက္ခိုင့်တပ်တော် ဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်နေ

ရခိုင်မြောက်ပိုင်းမှ အကြီးမားဆုံး စစ်စခန်း ကျောက်တော်စကခ(၉) ဌာနချုပ်ကို ရက္ခိုင့်တပ်တော် ဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်ထဲမှ စစ်ရေးဗျူဟာအရ အလွန်အရေးကြီးပြီး ကုလားတန်မြစ်ဝှမ်းလွင်ပြင်တစ်ခုလုံးကို စိုးမိုးထားသော ကျောက်တော်မြို့ အခြေစိုက် စကခ(၉) စစ်ဗျူဟာကွပ်ကဲမှု ဌာနချုပ်ကို ရက္ခိုင့်တပ်တော် (AA)က ဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

တိုက်ပွဲမှာ ယနေ့ နံနက် မိုးထ ၃ နာရီအချိန်က အလွန်ပြင်းထန်နေသည်ဟု စစ်ရေးဆိုင်ရာ သတင်းရင်းမြစ် တစ်ခုက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“ အေအေက ဝင်တိုက်နေတာ သုံးလေးရက်ရှိနေပြီ။ ဒီနေ့မနက် ၃ နာရီကစပြီး တိုက်ပွဲ အရမ်းပြင်းထန်ပါတယ်။ အေအေဘက်က အသာစီးရနေသလို တပ်မထဲထိ ရောက်သွားပြီလို့လည်း ကြားရပါတယ်” ဟု ပြောကြားသည်။

ညီနောင်သုံးဖွဲ့၏ ဇန်နဝါရီ ၂၄ ရက် ည (၁၁ နာရီ ၄၀ မိနစ်) က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် မိမိတို့မှလည်း စစ်ကောင်စီ၏ တပ်မဌာနချုပ်နှင့် အထိုင်ချစခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရယူရန် ကြိုးစားလျက်ရှိသည်” ဟု ဖော်ပြသည်။

ကျောက်တော်ရှိ စကခ (၉) ကို ဒေသခံများက တပ်မဟု ခေါ်ဆိုပြီး ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသော တပ်မမှာ ကျောက်တော် စကခ(၉) ကို ပြောဆိုခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာနေသူ တစ်ဦးက ပြောဆိုသည်။

ရက္ခိုင်ဒေသတွင်း၌ ပေါက်တောမြို့အား ရက္ခိုင့်တပ်တော် (AA) မှ အလုံးစုံထိန်းချုပ်ထားပြီး တစ်ပြိုင်နက် တည်းတွင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များရှိ လက်နက်ချအညံ့မခံသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း အဆိုပါနေ့ စစ်ရေးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...