ဆီဆိုင်မြို့နယ် တိုက်ပွဲ မရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ဆီဆိုင်မြို့နယ် တိုက်ပွဲ မရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာအတွင်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၂၂) ရက် ညပိုင်း ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့သည် ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာအတွင်း  စစ်လေယာဥ်ဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က လေယာဥ်နဲ့ နှစ်ကြိမ်လာပြီး ဗုံးကြဲခဲ့တာ။ လေယာဥ်တစ်ခါကို ဗုံ၃ / ၄ လုံး ကြဲချသွားတယ်။ စစ်ကောင်စီကနေ ဗုံးကြဲတိုက်ခိုက်လို့ မနေ့ညကတည်းက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်။ ထိခိုက်ကျဆုံးမှု အတိအကျတော့ မသိရသေးဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ လေကြောင်းလိုင်းဖြင့် တစ်ဖက်သတ် တိုက်ခိုက် ပစ်ခတ်မှုကြောင့် နောင်ထော်ကျောင်းရွာမှ ဒေသခံ အမျိုးသား တစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရကြောင်း သတင်းသိရသော်လည်း သျှမ်းသံတော်ဆင့်မှ အတည်ပြုချက် စုံစမ်းနေဆဲ ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီ လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပြီး ဆီဆိုင်မြို့ အခြေစိုက် စစ်ကောင်စီ  ခြေမြန်တပ်ရင်း ခမရ ၃၂၄ နှင့် ခမရ ၄၂၃ တပ်မှ စစ်တပ်မိသားစုဝင်များသည်လည်း တောင်ကြီးမြို့ပေါ်သို့ ညတွင်းချင်း ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်.

“စစ်ကောင်စီ တပ်မိသားစုတွေ၊ အဓိကကတော့ ရာထူး အကြီးပိုင်းက မိသားစုတွေ တောင်ကြီးကို ညတွင်းချင်းပဲ ပြောင်းကုန်ကြတာ။ စစ်ကားနဲ့ပဲ။ ည ၁၂ နာရီ ၁ နာရီလောက်မှာ ကားသံတွေ အများကြီး ကြားရတယ်” ဟု အမည်မဖော်လိုသူ အထက်ပါ အမျိုးသား က ဆက်ပြောသည်။

နောင်ထော်ကျေးရွာသည် ဆီဆိုင်မြို့နယ်အတွင်း တည်ရှိနေပြီး သျှမ်း - ကရင်နီပြည် (ကယားပြည်) နှင့် ဆက်သွယ် ထားသည့် လမ်းကြောင်းလည်း ရှိနေသည့်အလျောက် ကရင်နီမှ စစ်ဘေးရှောင် များစွာ ခိုလှုံနေထိုင်သည့် ကျေးရွာလည်း ဖြစ်သည်။

နောင်ထော်ကျေးရွာအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် ပထမဆုံး အကြိမ်လည်း ဖြစ်နေပြီး ဒေသအတွင်း တိုက်ပွဲပိုမို ပြင်းထန်လာမှာကို စိုးရိမ်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...