စစ်ကောင်စီက အပစ်ရပ်စဲရေးကို ချိုးဖောက်ပြီး မိုးကုတ်မြို့နယ်တွင် TNLA ကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်

စစ်ကောင်စီက အပစ်ရပ်စဲရေးကို ချိုးဖောက်ပြီး မိုးကုတ်မြို့နယ်တွင် TNLA ကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်

စစ်ကောင်စီသည် အပစ်ရပ်စဲကို ချိုးဖောက်ပြီး မိုးကုတ်မြို့နယ်တွင် တအာင်းတပ်မတော် TNLA ကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

ယမန်နေ့ ည ၈  နာရီခန့်ချိန်တွင် စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် TNLA ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား ၈ မိုင်သို့ လာရောက်ထိုးစစ်ဆင်  တိုက်ခိုက်ခဲ့သည်ဟု တအာင်းတပ်မတော် (PSLF/TNLA)  သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ထိုသို့ တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်မှ တအာင်း တပ်မတော် TNLA ရှိရာသို့ လာရောက် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ တအာင်းတပ်မတော်က လက်နက် (၃)လက် သိမ်းဆည်း ရခဲ့မိသည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင်လည်း တပ်မဟာ(၂)စစ်ဒေသ ကျောက်မဲမြို့တွင် စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်းမှ အင်အား အလုံးအရင်းဖြင့် တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

တအာင်းတပ်မတော် PSLF/TNLA မှ အခြေချတပ်စွဲထားသော ငြိမ်ချမ်းရေးကုန်းကို မိဘပြည်သူများ စစ်ဘေးဒဏ်သင့်မည် ဖြစ်၍နှင့် ဆုံးရှုံးမှုများမည်စိုးရိမ်းသောကြောင့် ယာယီ နောက်ဆုတ်ပေးခဲ့ရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးနောက်၊ ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်မှ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း၊ လားရှိုးမြို့နယ်သို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိကြောင်း၊  စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို အကြိမ်ကြိမ် ချိုးဖောက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

July 4, 2026
ထိုင်းနိုင်ငံတွင် ရခိုင်ရွှေ့ပြောင်းလုပ်သား အမျိုးသမီးငယ် မကျော့ကျော့ဝေကို သတ်ဖြတ်ခဲ့သည့် ၎င်း၏...
July 3, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် အကြမ်းဖက်စစ်သွေးကြွ အာဆာ (ARSA) အဖွဲ့နှင့် အာရက္ခ...
July 2, 2026
ပိုးဝါ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေသည့်...
July 1, 2026
မောင်စာဂ — အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပလက်ဝအပါအဝင် ရခိုင်မှမြို့နယ်များတွင် ယခု ၂ဝ၂၆-...