ရှမ်းမြောက်တွင်စစ်ရှောင်ပြည်သူများအား ရက္ခိုင့်တပ်တော် တနိုင်တပိုင်ကူညီ

ရှမ်းမြောက်တွင်စစ်ရှောင်ပြည်သူများအား ရက္ခိုင့်တပ်တော် တနိုင်တပိုင်ကူညီ

ရက္ခိုင့်တပ်တော် (AA)သည် ယခုလ ၁၆ ရက်နေ့က  ရှမ်းမြောက်တွင် စစ်ဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာအပါဝင် တပိုင်တနိုင် ကူညီပံ့ပိုးမှုများကို ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

ရက္ခိုင့်တပ်တော်သည်  မည်သည့်နေရာ၊ မည့်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ အတူရပ်တည်နေကြောင်း အဆိုပါတနိုင်တပိုင် ကူညီပံ့ပိုးမှုနှင့် ပတ်သက်ပြီး ယနေ့ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဘေးဒဏ်နှင့်အတူ စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသော ပြည်သူများနှင့် မိမိတို့သည် တသွေးတည်း၊ တသားတည်း အချိန်မရွေး ရှိနေပါကြောင်း၊ စစ်ပွဲများကြောင့် ပြည်သူများအနေနှင့် လူမှုစီးပွားဒုက္ခအဝဝ နှင့် အခက်အခဲမျိုးစုံကြုံတွေ့ရသည်မှာ မှန်သော်လည်း ဤအခက်အခဲများကို အားလုံးစုပေါင်းရင်ဆိုင်ကြပြီး ပိုမိုကောင်းမွန်သော အနာဂတ်သို့ ရောက်ရှိအောင် အားလုံး စုစည်းရင်ဆိုင်သွားကြရန် မိမိတို့ ရက္ခိုင့်တပ်တော်မှ တိုက်တွန်းလိုက်ပါကြောင်း စသဖြင့်လည်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် (AA)၏  တနိုင်တပိုင် ကူညီပံ့ပိုးမှုများကို ရှမ်းမြောက်ဒေသ၏ မူဆယ်နှင့် ၁၀၅ မိုင်အနီးတဝိုက်ရှိ စစ်ဘေးရှောင်ပြည်သူလူထုများကို ဇန်နဝါရီလ (၁၆) ရက်၊ နေ့လယ် (၁) နာရီခွဲခန့်မှ စတင်၍ ညနေ (၆) နာရီနီးပါးအထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်က ညီနောင် မဟာမိတ် (၃) ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်ပြီး စာနာစိတ် အပြည့်ဖြင့် တတ်နိုင်သည်များကို တစ်ဖွဲ့ချင်း အလိုက်သော်လည်းကောင်း၊ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်သော်လည်းကောင်း အကောင်းဆုံး ပံ့ပိုးကူညီပေးသွားပါမည်ဟု ဆက်လက်ဖော်ပြထားသည်။ 

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...