ရသေ့တောင်မြို့နယ် မညှင်းတောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ကျော် AA ထံလက်နက်ချ

ရသေ့တောင်မြို့နယ် မညှင်းတောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ကျော် AA ထံလက်နက်ချ

ရသေ့တောင်မြို့နယ်မြောက်ပိုင်း မညှင်းတောင်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၄ ဦး ရက္ခိုင့်တပ်တော် ( AA) ထံ လက်နက်ချသွားကြောင်း သတင်းရရှိသည်။

ယနေ့နံနက် ၇ နာရီက ရက္ခိုင့်တပ် တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် မညှင်းတောင်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်သား ၁၂၄ ဦးသည် ရက္ခိုင့်တပ်တော်ထံ လက်နက်ချသွားခဲ့သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

 မညှင်းတောင်မှာရှိတဲ့ စစ်သားတွေကို အေအေက ဝင်တိုက်ခိုက်တဲ့ချိန်မှာ သူတို့က ပိတ်မိသွားတာ။ အဲဒီမှာ လက်နက်ချတယ်လို့ သိရတယ် ဟုပြောသည်။

စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်တွင် ၁၂၄ ဦးက အေအေထံ လက်နက်ချပြီး  ကျန် ၇၀ ကျော်ခန့်မှာ ဇက်ရေယာဉ်ကို စောင့်နေစဉ်  ပြိန်းတော ကျေးရွာအနီးမှ ချောင်းဝတွင် ပိတ်မိနေသည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" သူတို့က ဇက်ရေယာဉ်တွေ လာခေါ်လို့ သွားဖို့ပြင်နေတာ။ ပြိန်းတောနားက ချောင်းဝနားမှာ ပိတ်မိနေတယ်။ လေယာဉ်တွေလည်းဝဲနေတယ်၊ ဇက်ရေယာဉ်တွေလည်း ဆက်တက်လာတယ်" ဟုပြောသည်။

သတင်းရင်းမြစ်တစ်ခုက ရေစိုးချောင်းဗျူဟာမှူးလည်း ဖမ်းဆီးခံရသည်ဟု သတင်းထွက်နေကြောင်း ပြောကြားသော်လည်း နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။  

ယင်းအပြင် နေ့လယ် ၁ နာရီခွဲခန့်က ရသေ့တောင်မြို့ မေယုမြစ်၀ဘက်မှ ၎င်းစစ်သားများကို ယူဆောင်ရန်လာသည့် မေယုမြစ်အတိုင်း  တက်လာသော ဇက်ရေယာဉ်များသည် ကျေးရွာများသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့်  အဆက်မပြတ် ပစ်ခတ်သည်ဟု မညှင်းတောင်ကျေးရွာသား တစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" ပထမနှစ်စီး တက်လာတယ်။ ခဏကြာတော့နောက် နှစ်စီးရောက်လာတယ်။ ခုလက်နက်တွေ ဆက်တိုက်ပစ်နေတာ။ ရွာတွေနားကို လက်နက်ကျလို့ ပုန်းနေရတယ်" ဟုပြောသည်။

ယနေ့ ဇန်နဝါရီ ၁၅ရက် နံနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် မြောက်ပိုင်း မညှင်းတောင်တွင် လာစုနေသည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများမှာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။

April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...