စစ်ကောင်စီတပ်သားများ မသေ၊မနာချင်ရင် အလံဖြူထောင်ရန် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

စစ်ကောင်စီတပ်သားများ မသေ၊မနာချင်ရင် အလံဖြူထောင်ရန် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

စစ်ကာင်စီတပ်သားများကို ရည်ရွယ်ပြီး ရက္ခိုင့်တပ်တာ် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မသေ၊မနာချင်ရင် စောစောစီးစီး အလံဖြူထောင်ရန် သူ၏တွစ်တာမှ တစ်ဆင့် ရေးသား တိုက်တွန်းလိုက်သည်။

"မသေမနာချင်ရင်  စောစောစီးစီးအလံဖြူထောင်၊ ထွက်ပြေးချင်တယ် လမ်းဖွင့်ပေးပါ ဘာညာခွင့်တောင်းပေါ့ " ဟု ရေးသားထားသည်။  

ခေါင်းပေါ်သေနတ်တေ့ထားပြီးမှ လမ်းဖွင့်ပေးပါဟု မလုပ်ရန်နှင့် ထိုသို့လုပ်လျှင် အရှင်ဖမ်းမိကြောင်း သတ်မှတ်မည်ဖြစ်ကြောင်း ဆက်လက်ရေးသားထားသည်။   

 ခြံစည်းရိုး၃ထပ်လုံးပေါက် ကတုပ်ကျင်းထဲမှာ ဂေါင်းပေါ်-ပြောင်းတည့် ထားပြီးမှ လမ်းဖွင့်ပေးပါတော့မလုပ်နဲ့ အာ့ဒါကို အရှင်ဖမ်းမိတာလို့ သတ်မှတ်တယ်" ဟု ရေးသားထားသည်။

လက်ရှိရခိုင်တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို စခန်းစွန့်ခွာမည်ဆိုပါက  ရက္ခိုင့်တပ်တော်က လမ်းကြောင်းဖွင့်ပေးမှုများရှိသလို လက်နက်ချ အညံ့ခံသူများကိုလည်း လှိုက်လှဲနွေးထွေးစွာကြိုဆိုပြီး မိသားစုနှင့် ပြန်လည် ဆုံစည်းခွင့်ရအောင်စီစဉ်ပေးနေကြောင်း သိရသည်။

တချို့ စစ်ကောင်စီတပ်သားများမှာ ပြတ်ပြတ်သာသား ဆုံးဖြတ်ချက်မချရဲဘဲ ရက္ခိုင့်တပ်တော်ကို ခုခံတိုက်ခိုက်ရာမှ သေဆုံးမှု ဖမ်းဆီးခံရမှု များစွာရှိနေသည်ဟု ရက္ခိုင့်တပ်တော်၏ သတင်းရင်းမြစ်များက တစ်ဆင့် သိရှိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...