စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းတောင်တွင် ဘိန်းစိုက်ပျိုးမှု ပိုမိုတိုးလာ

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းတောင်တွင် ဘိန်းစိုက်ပျိုးမှု ပိုမိုတိုးလာ

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းတောင်တွင် ဘိန်းစိုက်ပျိုးမှု ပိုမိုတိုးလာ ကြောင်း စုံစမ်းသိရသည်။

၂၀၂၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ သုံးနှစ်ဆက်တိုက်  ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး ဒေသသည် သျှမ်းပြည် ဖြစ်ပြီး ဧက တစ်သိန်းကျော်ထိ ရှိလာသည်။

အာဏာသိမ်းပြီး နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာ တစ်ကြောင်း ဒေသထွက် ကုန်ကြမ်းများက အရင်းနှင့်အမြတ် စျေးကောင်းမရ၍ တွက်ချေမကိုက်တာကြောင့် ဒေသခံ တောင်သူအများစုက  အမြတ်ရလွယ်တဲ့ ဘိန်းများ စိုက်ပျိူးလာရကြောင်း ဘိန်းစိုက်တောင်သူများကပြောသည်။

“ အာဏာသိမ်းတော့ ကျမတို့ ခြံက ထွက်တဲ့ ပြောင်းတွေလည်း ဈေးမရှိဘူးလေ။ ဆန်တစ်အိတ်ကလည်း တစ်သိန်းခွဲထိ ရှိလာတော့ ကျမတို့လည်း မငတ်အောင် ရုန်းကန်ကြရတာပါပဲ။ ဘိန်းစိုက်တာက တရားမဝင်ဘူးဆိုတာ သိတယ်။ ဒီဟာမှ မလုပ်ရင်လည်း ဘာနဲ့ သွားရမှန်း မသိတော့ဘူးလေ” ဟု ဘိန်းစိုက် တောင်သူ အမျိုးသမီးတစ်ဦးကပြောသည်။

ထို့အပြင် တဖက်မှာလည်း  အာဏာပိုင်များက အခွန်မပေးဆောင်သည့် ဘိန်းခင်များနှင့်လမ်းမပေါ်ထင်သာမြင်သာသည့် ဘိန်းခင်းများကို ဟန်ပြအနေဖြင့် ဖျက်ဆီးနေကြသည်။

“အရင်က ဘိန်းခင်းကို မဖျက်စီးစေချင်ရင် သူတို့ တောင်းတဲ့ အခွန်တွေကို ပေးရတယ်။ ဒီနှစ်တော့ မကြားဘူး။ လမ်းဘေးနားမှာ စိုက်ထားတဲ့ ဘိန်းခင်းတွေတော့ လိုက်ဖျက်တာတွေရှိတယ်။” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

လက်ရှိကာလတွင် ဘိန်း တစ်ကီလိုလျှင် ပျှမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၃၅၆ဒေါ်လာအထိ ပေါက်စျေး ရှိသည်။

၂၀၂၂ခုနှစ် မြန်မာနိုင်ငံတွင် ဘိန်းတန်ချိန်ပေါင်း (၇၉၀) ထုတ်လုပ်ခဲ့ပြီး ၂၀၂၃ခုနှစ်၌ ဘိန်းတန်ချိန်ပေါင်း (၁၀၈၀) အထိ တိုးမြင့်ထုတ်လုပ်လာခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုနှိမ်နှင်းရေး (UNODC) ၏ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်တွင် ပြောကြားချက်အရ ဘိန်းထုတ်လုပ်မှု အများဆုံးဖြစ်လေ့ရှိသည့် အာဖဂန်နစ္စတန်ကို ကျော်လွန်ပြီး ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အများဆုံးသည် မြန်မာနိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် UNOD ၏ အစီရင်ခံစာ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းချိန် ၂၀၂၁ခုနှစ်မှ ၂၀၂၃ခုနှစ်ကုန်အထိ သုံးနှစ်ဆက်တိုက် မြန်မာနိင်ငံ၏ ဘိန်းစိုက်ပျိုးမှု များပြားလာ၍ ဘိန်းစိုက်ပျိုးသူများ၏ ဝင်ငွေကလည်း  ၇၅ရာခိုင်နှုန်း အထိ တိုးမြင့်လာကြောင်း ထပ်မံသိရှိရသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...