စစ်ကောင်စီတပ်က ခြိမ်းခြောက်ထားသဖြင့် ရခိုင်မှ ကျေးရွာအချို့ အထူးသတိထား နေထိုင်ကြရန် ညီနောင်သုံးဖွဲ့ထုတ်ပြန်

စစ်ကောင်စီတပ်က ခြိမ်းခြောက်ထားသဖြင့် ရခိုင်မှ ကျေးရွာအချို့ အထူးသတိထား နေထိုင်ကြရန် ညီနောင်သုံးဖွဲ့ထုတ်ပြန်
စစ်ကောင်စီတပ်က ကျေးရွာများကို ပစ်ခတ်သည့် လက်နက်ကြီး အပိုင်းအစ သက်သေခံပစ္စည်းများ/မူရင်းပိုင်ရှင်
စစ်ကောင်စီတပ်က ကျေးရွာများကို ပစ်ခတ်သည့် လက်နက်ကြီး အပိုင်းအစ သက်သေခံပစ္စည်းများ/မူရင်းပိုင်ရှင်

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရွာလုံးကျွတ်  မီးရှို့ဖျက်ဆီးခြင်းတို့ကို ပြုလုပ်မည်ဟု ကြိမ်ဖန်များစွာ ခြိမ်းခြောက် ထားသောကြောင့် ရခိုင်မှ ကျေးရွာအချို့ သတိထား နေထိုင်ကြရန် ညီနောင်သုံးဖွဲ့က ဇန်နဝါရီ ၄ ရက်နေ့က သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။  

၎င်းကျေးရွာများအထဲတွင် စစ်တွေမြို့နယ်အထဲမှ ဝါဘို၊ ပုဏ္ဏားကျွန်းမြို့နယ်မှ  စပါးထား၊ ညိုရောင်ချောင်း၊ ကွမ်းတောင်၊ အိုင်ဒင် အစရှိသောရွာများ ပါဝင်သည်။

အထက်ဖော်ပြပါကျေးရွာများ အပါအဝင် အခြားသောကျေးရွာများမှ ရွာသူ၊ရွာသားများအားလည်း အထူးအလေးအနက် သတိပေးအပ်ပါကြောင်း၊ ဤကဲ့သို့ အထူးသတိပေးရခြင်းမှာ စစ်ကောင်စီသည် အဆိုပါကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းတို့ကို ပြုလုပ်မည်ဟု ကြိမ်ဖန်များစွာ ခြိမ်းခြောက်ထားသောကြောင့် ဖြစ်ပါကြောင်း ဖော်ပြထားသည်။

ရှုံးမဲမဲနေသော စစ်ကောင်စီသည် ၎င်းတို့၏ အကျင့်ဝသီအတိုင်း မိမိတို့ ရပ်ရွာများနှင့် ပြည်သူများကို အဓိကပစ်မှတ်ထားကာ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုမျိုးကို အဓိကထား ပြုလုပ်နိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန်၊ လက်နက်ကြီးရန်တို့မှ အန္တရာယ်ကင်းစေရန် စစ်ရေး သတိရှိရှိဖြင့် နေထိုင်ကြပါရန် အထူးသတိပေးအပ်ပါသည်ဟုလည်း ဖော်ပြထားသည်။

July 4, 2026
ထိုင်းနိုင်ငံတွင် ရခိုင်ရွှေ့ပြောင်းလုပ်သား အမျိုးသမီးငယ် မကျော့ကျော့ဝေကို သတ်ဖြတ်ခဲ့သည့် ၎င်း၏...
July 3, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် အကြမ်းဖက်စစ်သွေးကြွ အာဆာ (ARSA) အဖွဲ့နှင့် အာရက္ခ...
July 2, 2026
ပိုးဝါ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေသည့်...
July 1, 2026
မောင်စာဂ — အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပလက်ဝအပါအဝင် ရခိုင်မှမြို့နယ်များတွင် ယခု ၂ဝ၂၆-...