စစ်တွေနှင့် ဘူးသီးတောင်အကျဉ်းထောင်မှ အကျဉ်းသား ၁၄၇ ဦးလွတ်မြောက်လာ

စစ်တွေနှင့် ဘူးသီးတောင်အကျဉ်းထောင်မှ အကျဉ်းသား ၁၄၇ ဦးလွတ်မြောက်လာ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဉ်းထောင်နှင့် စစ်တွေမြို့ အကျဉ်းထောင်မှ ၇၆  နှစ်မြောက် လွတ်လပ်ရေးနေ့  အထိမ်းအမှတ် စစ်ကောင်စီ၏  လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၁၄၇ဦးလွတ်မြောက်လာပြီဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့ ယနေ့ဇန်နဝါရီ၄ရက် နံနက် ၉နာရီတွင် အကျဉ်းထောင်တွင်ထောင်ချခံထားရသည့် အကျဉ်းသား ၄၉ဦးလွတ်မြောက်လာသည်ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" ၉နာရီလောက်ကနေ ၄၉ယောက်လွတ်ပါတယ်။ မွတ်ဆလင်ရော ရခိုင်တွေရောပါတယ်။ အကျဉ်းသူ အမျိုးသမီးတွေတော့မပါဘူး " ဟုပြောသည်။

အလားတူ စစ်တွေအကျဉ်းထောင်မှ ယနေ့နေ့လည်  ၁နာရီခန့်က အကျဉ်းသား၊အကျဉ်းသူ ၉၈ ဦး လွတ်မြောက်လာသည်ဟု စစ်တွေမြို့ခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

"  အကျဉ်းသားက ၈၀နဲ့ အကျဉ်းသူက ၁၈ယောက်ပါတယ်။ အဓိကဒုစရိုက်မှုတွေနဲ့ တရားစွဲခံထားရတဲ့ သူတွေပဲ လွတ်တာများပါတယ်" ဟုပြောသည်။

အကြမ်းဖက် စစ်ကောင်စီက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ယနေ့ဇန်နဝါရီ ၄ရက်  နံနက်ပိုင်း ထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...