လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီ နှင့် မဟာမိတ် တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်

လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီ နှင့် မဟာမိတ် တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ တို့က တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး လက်နက်ကြီး / ငယ် အသုံးပြု ပစ်ခတ်မှုမှု ရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂ ရက်နေ့ ည ၁၁ နာရီဝန်းကျင် အချိန်တွင် လားရှိုးမြို့ အရှေ့ဘက်ရှိ ဖိုင်တောင်းကျေးရွာ အနီးတစ်ဝိုက်၌ ပစ်ခတ်သများ ထွက်ပေါ်လာပြီး စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“မနေ့ညက ၁၀ နာရီလောက်မှာ လက်နက်ကြီး အသံ ၂ ချက်၊ ၃ ချက်လောက် ကြားရတယ်။ အဲ့နောက်တော့ ခဏငြိမ်သွားပြီး ၁၁ နာရီကျော်မှာ ဖိုင်တောင်းရွာဘက်ကနေ သေနတ်နဲ့ အပြန်အလှန် ပစ်ခတ်သံတွေ ကြားရ တယ်။ မဟာမိတ်တပ်က စစ်ကောင်စီတပ်ကို ဝင်တိုက်သလားတော့ မသိဘူး။ အဲ့ဒီနောက်တော့ စစ်ကောင်စီ ကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တာ၊ အလုံး ၂၀ နီးပါး ရှိတယ်” ဟု လားရှိုးမြို့မှ အမည်မဖော်လိုသူ အသက် (၄၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။

ပစ်ခတ်သံများ ထွက်ပေါ်လာရာ ဖိုင်တောင်းကျေးရွာသည် လားရှိုးမြို့ အရှေ့ဘက် ၃ မိုင် အကွာတွင်သာ တည်ရှိနေပြီး အနီးပတ်ဝန်းကျင်၌ မဟာမိတ် တပ်ဖွဲ့များက သွားလာလှုပ်ရှားလေ့ရှိကြောင်းလည်း သိရသည်။

အဆိုပါ ပစ်ခတ်မှု နှင့် စစ်ကောင်စီ တပ်ဖွဲ့မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် လားရှိုးမြို့ ဒေသခံများ ည မအိပ်ရဲဘဲ စိုးရိမ်ကြောက်လန့်နေရသည့် အပြင် လုံခြုံရေးအတွက် စိုးရိမ်မှုများလည်း ရင်ဆိုင်နေရကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“လက်နက်ကြီးအသံက အချိန်တိုင်းလိုလို ကြားနေရတာ။ နေ့ည မရွေး သူတို့ ပစ်ချင်တဲ့ အချိန်ပစ်ကြတယ်။ လက်နက်ကြီးသံ တချက် ကြားရပြီဆိုရင် ကိုယ့်အိမ်ပေါ်ကနေ ဖြတ်သွားသလိုမျိုး၊ ဒီနီးနားပဲ လာကျတော့ မလိုမျိုး စိတ်ထဲ ခံစားရတာ။ ကျောချမ်းတယ်။ နေရတာလည်း မလုံခြုံတော့ဘူး” ဟု လားရှိုးမြို့ခံ အမည်မဖော်လိုသူ အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့သည် နေရာညပါ လက်နက်ကြီး ပစ်ခတ်မှု ပြုလုပ်နေသည့်အတွက် အပြင်ထွက် သွားလာပြီး ဝမ်းစာရှာဖွေ စားသောက်ရသည့် မိသားစုအတွက် အလုပ်ပျက်ကွက်မှု၊ လက်နက်ကြီးသံကြားမှ အလုပ်လုပ်ရမှု စသည်တို့ကြောင့်လည်း အဆင်မပြေမှုများ ရင်ဆိုင်ရသည်။

ထို့အတူ စစ်တပ်လေယာဉ်ကလည်း နေ့တိုင်းနီးပါး ပျံသန်းနေလျက်ရှိသောကြောင့် ဗုံးကြဲချမည်ကို စိတ်ပိုင်းဆိုင် အရ စိုးရိမ်မှု မြင့်တက်ကြကြောင်းလည်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် မဟာမိတ်တပ်တို့၏ စစ်ဆင်ရေး တိုက်ပွဲကြား လားရှိုးမြို့နယ်အတွင်း ထိခိုက် သေဆုံးသူ ၁၈ ဦး ထက်မနည်း ရှိနေပြီး၊ ထိခိုက်ဒဏ်ရာရသူ ၈ ဦး နှင့် ဖမ်းဆီးခံရသူ ၅ ဦးထက်မနည်း ရှိနေကြောင်းလည်း သျှမ်းသံတော်ဆင့်မှ ကောက်ယူထားသည့် မှတ်တမ်းများ အရ သိရသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...