ရှမ်းမြောက်မှ မိုင်းငေါ့မြို့ကို တအာင်းတပ်မတော်က ဆဌမမြို့အဖြစ် ဆက်လက်သိမ်းပိုက်

ရှမ်းမြောက်မှ မိုင်းငေါ့မြို့ကို တအာင်းတပ်မတော်က ဆဌမမြို့အဖြစ် ဆက်လက်သိမ်းပိုက်
ပုံစာ-PSF/TNLA
ပုံစာ-PSF/TNLA

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဟု တအာင်းတပ်မတော်  PSLF/TNLA မှ ယနေ့ ဇန်နဝါရီ ၁ရက်နေ့တွင်ထုတ်ပြန်သည်။

မိုင်းငေါ့မြို့နယ် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်က ဒီဇင်ဘာ ၂၉ ရက်နေ့မှ  ၃၁ ရက်နေ့ ထိ ၃ရက်ကြာတိုက်ခိုက်ပြီးနောက် ယမန်နေ့ ည ၁၂ နာရီခန့်က တပ်စခန်း ဗျုဟာကုန်းအပါအဝင် ၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများကို အလုံးစုံသိမ်းပိုက် ရရှိခဲ့သည်။

မိုင်းငေါ့မြို့ စခန်းသိမ်းတိုက်ပွဲ ၃ ရက်တာ တိုက်ပွဲ ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၄ ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း ၁၀၃ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၄၅ ကြိမ် ထက်မနည်း အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်စခန်းများကို  တအာင်းတပ်မတော်က တိုက်ခိုက်နေစဥ်တွင် စစ်ကောင်စီတပ်က အရပ်သားများကို ဦးတည်တိုက်ခိုက်မှုကြောင့် မိုင်းငေါ့မြို့နယ် ဒေသခံ ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာ ရရှိကာ ဘာသာရေးအဆောက်အဦး၊ ဘုရားကျောင်းကန်များ လူနေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့သည်ဟုထုတ်ပြန်ထားသည်။

တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်သုံးဆောင်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။

ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့အထိ တအာင်းတပ်မတော်က နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ မိုင်းလုံမြို့တို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ဆဌမမြောက်မြို့အဖြစ် မိုင်းငေါ့မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ 

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...