မြန်မာနိုင်ငံ၏ လူဦးရေသုံးပုံတစ်ပုံ လူသားချင်းစာနာမှု အကူအညီလိုအပ်နေကြောင်း UNOCHA ပြော

မြန်မာနိုင်ငံ၏ လူဦးရေသုံးပုံတစ်ပုံ လူသားချင်းစာနာမှု အကူအညီလိုအပ်နေကြောင်း UNOCHA ပြော
မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လကုန်ပိုင်းက တွေ့ရစဉ်။
မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လကုန်ပိုင်းက တွေ့ရစဉ်။

မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်ဖြစ်သော လူဦးရေ ၁၈ ဒသမ ၆ သန်းမှာ လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ဒီဇင်ဘာလထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။

နိုင်ငံအနှံ့ရှိ ပြည်သူများမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ကြားခွင့် ဆုံးရှုံးခြင်း၊ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် အာဟာရချို့တဲ့ခြင်း စသည့် လူသားချင်းစာနာမှုအကူအညီများ ဆုံးရှုံးနေရပြီး ယင်းအထဲတွင် ကလေးသူငယ် ၆ သန်းပါဝင်ကြောင်း UNOCHA ဆိုသည်။

“စီးပွားရေး အဆင်မပြေတာတွေကြောင့်လည်း မိသားစုအများအပြားဟာ ငွေကြေးဆိုင်ရာဒုက္ခတွေ တိုးလို့ခံစားနေကြရတာပါ။ စိုက်ပျိုးရေးအခက်အခဲနဲ့ ငွေကြေးဖောင်းပွမှု(ကုန်ဈေးနှုန်းကြီးမြင့်မှု)တွေကြောင့် ပြည်သူတွေအတွက် အစာနပ်မှန်အောင်စားရဖို့ ခဲယဉ်းလာကြရပြီး အာဟာရချို့တဲ့မှုတွေ တိုးစေတယ်” ဟု UNOCHA ၏ အစီရင်ခံစာက ဖော်ပြသည်။

ယခုနှစ်တွင် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသည့် လူဦးရေမှာ ပြီးခဲ့သည့်နှစ်ထက် တစ်သန်းထပ်တိုးလာပြီး အာဏာမသိမ်းမီ ၃ နှစ်ထက်စာလျှင် ၁၉ ဆခန့် မြင့်တက်လာကြောင်း အစီရင်ခံစာက ဆိုသည်။

ရခိုင်တွင် နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ဒေသတွင်းစစ်ဘေးရှောင် တစ်သိန်းသုံးသောင်းကျော်အထိ တိုးလာကြောင်း အရပ်ဘက်အဖွဲ့များစာရင်းအရ သိရသည်။

စစ်ဘေးရှောင်များမှာ ယခင်က ကျေးရွာသားများ၏ အကူအညီဖြင့် နေထိုင်စားသောက်ရေး အဆင်ပြေခဲ့သော်လည်း ဒေသတွင်း ရိက္ခာပြတ်လပ်လာမှုကြောင့် စားသောက်ရေးဖြေရှင်းရန် အဆင်မပြေမှုနှင့် ကြုံတွေ့နေကြရသည်။

ပေါက်တောမြို့နယ်က အမျိုးသမီးတစ်ဦးက “အခုက အအေးလည်းတိုးလာတယ်။ အနွေးထည်တွေ၊ စောင်တွေ မလုံလောက်လို့ ကလေးတွေ နေမကောင်းဖြစ်နေကြတယ်။ ကိုယ့်သားသမီးတွေ နေမကောင်းတာမြင်တော့ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုမှ မခံစားနိုင်ဘူး” ဟု ပြောသည်။

တိုက်ပွဲဖြစ်သည့်နေ့မှစပြီး ရခိုင်ဒေသတွင် စစ်ကောင်စီမှ ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာခွင့်ကို ပိတ်ဆို့လိုက်သဖြင့် စစ်ဘေးရှောင်များအား လူသားချင်းဆိုင်ရာ အကူအညီများပေးရန် အခက်အခဲရှိနေကြောင်း ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက ပြောကြသည်။

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသည့် လူဦးရေ ၁၈ ဒသမ ၆ သန်းထဲမှ လူဦးရေ ၅ ဒသမ ၃ သန်းကို ၂၀၂၄ ခုနှစ်အတွင်း အရေးပေါ် ဦးစားပေးကူညီသွားရန် လျာထားကြောင်း UNOCHA က ဆိုထားသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...