နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီပိုင် ‘ရွှေဖီဦး’ လက်ဖက်စက်ရုံကို TNLA သိမ်းပိုက်

နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီပိုင် ‘ရွှေဖီဦး’ လက်ဖက်စက်ရုံကို TNLA သိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေးကို တအာင်းပြည်နယ်အတွင်း ဆက်လက်ဆင်နွှဲနေပြီး ဒီဇင်ဘာလ ၁၃ ရက်တွင် ရှမ်းမြောက်ဒေသ နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီပိုင် “ရွှေဖီဦး” လက်ဖက်ခြောက်စက်ရုံကို တအာင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် (TNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ သေဆုံးကာ ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

စက်ရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို TNLA က ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ Y-12 လေယာဉ်ဖြင့် ၁၁ ကြိမ်ထိ လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ (၁) ဦး သေဆုံးခဲ့ကာ စေတီပုထိုးနှင့် နေအိမ်အချို့ မီးလောင်ပျက်စီးမှု ရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အထက်မန်လွယ်‌‌ကျေးရွာအတွင်း၌ (၂) လုံးနှင့် ပန်လော‌ကျေးရွာတွင် နေအိမ် (၇) လုံး  ပျက်စီးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

လတ်တလောတွင် TNLA သည် နမ့်ဆန်မြို့ကို ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းတစ်ခုသာ ကျန်ရှိကာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ် ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်မြို့နယ်တို့တွင်လည်း စစ်ကောင်စီ၏ အထိုင်တပ်စခန်းများနှင့် စခန်းကုန်းများကို TNLA နှင့် ပူးပေါင်းမဟာမိတ်များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း TNLA က ထုတ်ပြန်ထားသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...