စစ်ဆင်ရေး ဒုတိယအဆင့်တွင် စစ်ကောင်စီအား ပြည်သူတစ်ရပ်လုံးက ရရာနည်းလမ်းဖြင့် တော်လှန်ရန် ညီနောင်သုံးဖွဲ့တိုက်တွန်း

စစ်ဆင်ရေး ဒုတိယအဆင့်တွင် စစ်ကောင်စီအား ပြည်သူတစ်ရပ်လုံးက ရရာနည်းလမ်းဖြင့် တော်လှန်ရန် ညီနောင်သုံးဖွဲ့တိုက်တွန်း

၁၀၂၇ စစ်ဆင်ရေး (၄၄) ရက်မြောက်နေ့သို့ရောက်လာပြီဖြစ်ကာ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို အကောင်အထည်ဖော်နေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ဆင်ရေး ဒုတိယအဆင့်တွင် မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် ရရာနည်းလမ်း၊ ရရာလက်နက်ဖြင့် ရောက်ရှိသည့်နေရာမှ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ရန် တိုက်တွန်းထားသည်။

ယင်းသို့ ပြည်သူတစ်ယောက်ချင်းစီမှ ပြည်သူအားလုံး စစ်အာဏာရှင်အား တော်လှန်ပုန်ကန်ခြင်းသည် စစ်ဆင်ရေးဒုတိယအဆင့်၏ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း ဆိုသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူ လူထုတစ်ရပ်လုံးတွင် တာဝန်ရှိသည်ကို မီးမောင်းထိုးပြလိုက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို လိုလားသူမှန်သမျှ ယနေ့အချိန်တွင် ပုံစံတစ်မျိုးမျိုးဖြင့် ပါဝင်နေပြီးသူဖြစ်နေရမည်ကိုလည်း သတိပေးတပ်လှန့်လိုက်ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ရခိုင်ဒေသတွင် ပေါက်တောမြို့တွင်းတိုက်ပွဲ၌ စစ်ကောင်စီ၏ လက်ကျန်တပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ တစ်ယောက်မကျန် လိုက်လံချေမှုန်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပလက်ဝဒေသတွင်လည်း စစ်ကောင်စီ၏ ဗျူဟာစခန်းကုန်းများထဲမှ နှုံးဘူးဗျူဟာအား အပြီးသတ်သိမ်းပိုက်ရရှိနိုင်ရေးနှင့် ပြန့်ကျဲနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအာ လိုက်လံချေမှုန်းလျက်ရှိကြောင်းနှင့် အခြားတစ်ဘက်တွင် ပလက်ဝဒေသအတွင်းရှိ လက်နက်ကြီးစခန်းကုန်းများကိုလည်း တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...