စစ်ကောင်စီ လေကြောင်းဗုံးကြဲ အရပ်သား ၃ဦး ထိခိုက် နေအိမ်အများအပြားပျက်စီး

စစ်ကောင်စီ လေကြောင်းဗုံးကြဲ အရပ်သား ၃ဦး ထိခိုက် နေအိမ်အများအပြားပျက်စီး

သျှမ်းမြောက် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ယမန့်နေ့ (ဒီဇင်ဘာ ၂)ရက် ည ၆နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အများအပြား ပျက်စီးသွားကြောင်းစုံစမ်းသိရသည်။

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ယမန်နေ ဒီဇင်ဘာလ ၂ ရက်နေ့ည ၆ နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ ၃ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒဏ်ရာရသွားတဲ့လူက ၃ ယောက်။တချို့အိမ်တွေကတော့ လုံးဝကို ပျက်စီးသွားတာ ဘေးအိမ်တွေလည်း ထိတယ်။ ပျက်စီးတာတွေရှိတယ်။ဘာတိုက်ပွဲမှုမရှိဘဲ လေယာဉ်နဲ့ကို လာပစ်သွားတာ” ဟု အသက် ၄၀ကျော်အရွယ်ရှိ အမျိူသားတစ်ဦးက ပြောသည်။

စယ်လန့်ကျေးရွာအတွင်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားနေအိမ်ကို ဦးတည်ပြီး လေကြောင်းဖြင့် ပေါင် ၅၀၀ဗုံးဖြင့် ကြဲကြ တိုက်ခိုက်မှု ပြုလုပ်နေကြောင်း ပြည်သူများက ပြောသည်။

ပြီးခဲ့သည့် ( ဒီဇင်ဘာလ ၁) ရက် ညပိုင်းတွင်လည်း နမ့်ခမ်းမြို့၌ စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဥ်ဖြင့် နောင်စန့်၊ ဟိုကတ်၊ကောင်းနောင်မိုရပ်ကွက်တို့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၁ ဦး ထိခိုက်သေဆုံးပြီး၊ အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်များ ပျက်စီး ခဲ့ကြောင်းသိရသည်။

နမ့်ခမ်းမြို့နယ်နှင့် မူဆယ်မြို့နယ်သည် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်ပြီး၊ စစ်ကောင်စီ တပ်ဖွဲ့မှ လေကြောင်းလိုင်အကြီးအကျယ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသဖြင့် တရုတ်ပြည်ဂျယ်ဂေါင်တွင်နေထိုင်သည့် ပြည်သူများကို ရွှေလီမြို့တွင်းသို့ ရှောင်တိမ်းရန် တရုတ်အရာရှိများက အကြောင်းကြားထားကြောင်း သတင်းရရှိသည်။

Most read this week

December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...