ဒီဇင်ဘာလ ပထမနေ့တွင် KIO လိုင်ဇာဌာနချုပ် လက်နက်ကြီး ပစ်ခံရ

ဒီဇင်ဘာလ ပထမနေ့တွင် KIO လိုင်ဇာဌာနချုပ် လက်နက်ကြီး ပစ်ခံရ
လိုင်ဇာမြို့ပုံ(ပုံဟောင်း)
လိုင်ဇာမြို့ပုံ(ပုံဟောင်း)

KIO ဗဟိုဌာနချုပ် လိုင်ဇာကို စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာတင် ခရာဘွမ့်နဲ့ ဘွမ့်ရေဘွမ့် စစ်ကောင်စီတပ်စခန်း ၂ နေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ခရစ္စယာန်ဘာသာဝင်တွေရဲ့ ခရစ္စမတ်လကို ကြိုဆိုတဲ့ ပျော်ပွဲရွှင်ပွဲကို အခွင့်ကောင်းယူပြီး ရည်ရွယ်ချက်ရှိ လုပ်ဆောင်တာဖြစ်တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို အခုလိုပြောပါတယ်။

“သူတို့က ခရစ္စမတ်ကြိုတဲ့ပွဲကို ရည်ရွယ်ပြီးတော့ ပစ်တယ်လို့ပဲမြင်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့က ပွဲလုပ်နေတယ်ထင်ပြီး လူစုလူဝေးရှိနေတယ်လို့ ယူဆပြီး ရမ်းပစ်တယ်လို့ မြင်ပါတယ်။ တခြားထိခိုက် တာမျိုးလည်း မရှိပါဘူး။ လက်နက်ကြီးကျတာလည်း ဒီကနေ အလှမ်းဝေးသေးတယ်”လို့ပြောပါတယ်။

ပစ်ခတ်ခံရတဲ့အချိန်မှာ ည ၁၂ နာရီတိတိအချိန် ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီဘက်နေ ဆုတောင်းပွဲ လူစုလူဝေး ပြုလုပ်နေတဲ့အချိန်ကို မှန်းဆပြီး ပစ်ခတ်တာဖြစ်တယ်လို့ ပြောဆိုတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ လိုင်ဇာဘက်ကို ကျရောက်မှုနည်းပါးခဲ့ပြီးတော့ မိုင်ဆပ်ပါနဲ့ နမ်ဆန်ယန်ဘက်ကို လက်နက်ကြီး ၁၀ လုံးကျော်ထက်မနည်း ကျရောက်ပေါက်ကွဲမှုရှိတယ်လို့ ပြောပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာလကနေ စစ်ကောင်စီအားတွေကို တိုးချဲ့ပြီး နေရာဒေသအသီးသီမှာ တိုက်ပွဲတွေ ဆင်နွှဲဖို့ ပြင်ဆင်လာနိုင်တဲ့အကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

KIO လိုင်ဇာဌာနကို စစ်ကောင်စီဘက်နေ လေကြောင်းလိုင်းအပြင် လိုင်ဇာအနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း နေရာတွေကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ ပုံမှန်လုပ်ဆောင်နေတာဖြစ်ပြီး နိုဝင်ဘာလထဲမှာတင် လိုင်ဇာဘက်ကို လက်နက်ကြီးနဲ့ ၅ ကြိမ်ထက်မနည်း ပစ်ခတ်ခံရမှုရှိခဲ့ပါတယ်။

ဒီဇင်ဘာလ ၁ ရက် ဒီကနေ့မှာလည်း မိုးညှင်းခရိုင် ထဲမှာရှိတဲ့ KIA တပ်မဟာ ၈ လက်အောက် တပ်ရင်း ၅ နယ်မြေမှာရှိ နောင်ဂမ် ရွှေငြိမ်းချမ်း ခလရ ၁၀ စစ်ကောင်စီကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“အဲနေရာမှာ မနေ့ကနေ သူတို့ တိုက်ပွဲဖြစ်နေတာဖြစ်တယ်။ ဒီမနက်မှ အပြီးသိမ်းနိုင်တယ်လို့ ပြောလာတယ်။ အခု စစ်ကောင်စီဘက်ကနေ လေကြောင်းလိုင်းနဲ့ ပြန်လာပစ်နေတာလို့လည်းသိရတယ်။ အဲဒါကြောင့် သတင်းက အသေးစိတ်ပြောပြဖို့ခက်နေသေးတယ်။ စခန်းသိမ်းနိုင်တာက သေချာပါတယ်”

အဲဒီတပ်စခန်းကို နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ KIA ဘက်ကနေ ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်း ၆ နာရီလောက်မှာ စခန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA တပ်မဟာ ၈ မှာရှိတဲ့ တာဝန်ရှိသူ တစ်ယောက်က KNG ကိုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ စစ်ကောင်စီဘက်ကနေ လေကြောင်းလိုင်းနဲ့ လာရောက်တိုက်ခိုက်နေတာကြောင့် ထိခိုက်သေဆုံမှုအခြေအနေ အသေးစိတ်ကို သိရှိဖို့ ခက်ခဲနေဆဲလည်းဖြစ်ပါတယ်။

ပုံ-လိုင်ဇာမြို့ပုံ(ပုံဟောင်း)

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...