သျှမ်းတပ်(၂)ဖွဲ့ကြား အပစ်ခတ်ပစ်စဲရေးကြေညာ

သျှမ်းတပ်(၂)ဖွဲ့ကြား အပစ်ခတ်ပစ်စဲရေးကြေညာ

သျှမ်းပြည်တပ်မတော်များ ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား တရားဝင်တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှာ နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရန် သဘောတူညီလိုက်ကြောင်း သတင်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၂၉ ရက်) တွင် SSPP ဘက်မှ အဖွဲ့ဝင် ၃ ဦးနှင့် RCSS ဘက်မှ အဖွဲ့ဝင် ၄ ဦးတို့ တရားဝင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ရမှာ နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန်ခြင်း တိုက်ပွဲများမပြုလုပ်တော့ဘဲ အပစ်ခတ်ရပ်စဲရန် တူညီသည့် အဖြေရရှိခဲ့ကြသည်။

“ကျနော်တို့ ဆွေးနွေးခဲ့တာတော့ နှစ်ဖက်တပ်ဖွဲ့အပစ်ခတ်ရပ်စဲဖို့ ဆွေးနွေးခဲ့တာပါ။ နှစ်ဖပ်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲဖို့ကလည်း ကျနော်တို့က ဘဘောတူညီမှုရရှိခဲ့ပါတယ်။ ဒီလိုသဘောတူညီမှုရရှိဖို့ကလည်း ကျနော်တို့ သုံးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲဖို့ သဘောတူညီ ခဲ့ကြတာပေါ့” ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ သျှမ်းသံတော်ဆင့်ကို ယခုလိုအတည်ပြု ပြောဆိုထားသည်။

ထိုကဲ့သို့ နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးနောက် ယခုလက်ရှိ ဖြစ်ပေါ်နေသည့် သျှမ်းပြည်တွင်း စစ်ရေးပဋိပက္ခများအပေါ် နှစ်ဖက်တပ်ဖွဲ့ ပူးပေါင်းပါဝင် ဖြေရှင်းမှု၊ ပူပေါင်းနိုင်မှု အခြေအနေထိကိုလည်း ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

”နှစ်ဖက်လုံးက ပူးပေါင်းချင်ကြတယ်။ ပူးပေါင်နိုင်ဖို့က ဆက်လက်ဆွေးနွေးသွားရမယ်။ အခု နှစ်ဖက် အပစ်ရပ်တာကလည်း ပူးပေါင်းဖို့အတွက် ဆက်လက်ဆွေးနွေးသွားဖို့ ရည်ရွယ်ပါတယ်” ဟု ဗိုလ်မှူးစိုင်းခမ်းစံက ဆိုပြန်သည်။

ထို့အပြင် နှစ်ဖက်တပ်ဖွဲ့များအကြား စစ်ရေးပဋိက္ခကြောင့် ဖမ်းဆီးထားသည့် စစ်သုံ့ပန်း၊ ကူညီထောက်ပံ့သူများကိုလည်း အပြန်အလှန် လွှတ်ငြိမ်းချမ်းသာဖို့ သဘောတူညီထားကြကြောင်း သိရသည်။

Most read this week

December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...