၁၁.၁၁ စစ်ဆင်ရေးစတင်ပြီးနောက် လွိုင်ကော်မြို့တွင် သေဆုံးခဲ့ရတဲ့ ပြည်သူ စုစုပေါင်း ၇၆ ဦးအထိ ရှိလာ

၁၁.၁၁ စစ်ဆင်ရေးစတင်ပြီးနောက် လွိုင်ကော်မြို့တွင် သေဆုံးခဲ့ရတဲ့ ပြည်သူ စုစုပေါင်း ၇၆ ဦးအထိ ရှိလာ

တစ်လေးလုံး စစ်ဆင်ရေးစတင်တဲ့  နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး  နိုဝင်ဘာလ ၂၇ ရက်နေ့အထိ ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသွားရတဲ့ အရပ်သားပြည်သူ စုစုပေါင်း ၇၆ ဦး အထိ ရှိလာပြီလို့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI) မှ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

“အခုလက်ရှိ ကျနော်တို့ စာရင်းကပေါ့နော်။ ဒီ နိုဝင်ဘာ ၁၁ ရက်ကနေပြီးတော့ ဒီနေ့အထိ လက်ရှိ မြေပြင်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ စာရင်းကို အနီးစပ်ဆုံး ယူထားတာရှိတယ်။ တစ်ချို့ကျတော့ ကျနော်တို့ဆီမှာ ပြည်သူကနေပြီး‌တော့ ပေးပို့လာတဲ့ အချက်အလက်ကြောင့် စာရင်းပြုစုထားတာရှိတယ်ပေါ့နော်။ အဲ့တာတစ်ခု ပြီး အများစုက ကျနော်တို့ ဒီ လေယာဉ် လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးရတဲ့ ပြည်သူတွေ ဖြစ်တယ်။ နောက်တစ်ခုက ဒီစစ်ရှောင်ရင်းနဲ့ လမ်းမှာ ပစ်သတ်ခံရတဲ့ ဟာမျိုးတွေ ရှိတာပေါ့နော်”  လို့ KHAI အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးရသူ  ၃၇ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ ၂၄ ဦး နဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း ခံရသူ ၁၅ ဦး ထိ ရှိလာခဲ့ပြီလို့  သိရပါတယ်။ သေဆုံးသူတွေထဲမှာ  လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတာ အများဆုံးဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသား (၃၄)ဦး ၊ အမျိုးသမီး (၁၈) ဦး နဲ့ (၁၈)နှစ် မပြည့်သေးတဲ့ ကလေး (၁၂) ဦး၊ ကိုရင် ၂ ပါး နဲ့ အမည်၊အသက်၊ကျား၊မ ကို အတည်မပြုနိုင်သေးတဲ့သူ (၁၀)ဦးထိ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ စာရင်းတွေက သတင်းဌာနတွေ၊ ကရင်နီလူ့အခွင့်အရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပြည်သူတွေဆီက ရရှိထားတဲ့ စာရင်းတွေဖြစ်ပြီး မြေပြင်မှာ လက်ရှိစာရင်းထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...