တမူးမြို့နယ် ရွာများတွင် လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့် ရွာလုံးကျွတ်နီးပါးထွက်ပြေးတိမ်းရှောင်နေရ

တမူးမြို့နယ် ရွာများတွင် လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့် ရွာလုံးကျွတ်နီးပါးထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် မြို့သစ်မြို့နယ်ထဲက ဖိုင်လင်းကျေးရွာနဲ့သနန်ကျေးကို စစ်ကောင်စီဖက်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီကျေးရွာတွေက ဒေသခံတွေဟာ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဖိုင်လင်းကျေးရွာကဒေသခံကပြောပါတယ်။

သနန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့ နိုဝင် ဘာလ (၂၂)ရက်နေ့က ဒေသကာကွယ်ရေး ပူးပေါင်းတပ် ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဖက်ကလေကြောင်းအသုံးပြုပြီး သနန်ကျေးရွာနဲ့ ဖိုင်လင်းကျေးရွာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ပြီးခဲ့တဲ့ သောကြာ-စနေ-တနင်္ဂနွေ (၃)ရက်ဆက်တိုက် စစ်တပ်ဖက်ကလေကြောင်းနဲ့တိုက်ခိုက်တာ ၊ရွာပတ်ပတ် လည်ကို ဗုံးကြဲတော့ သနန်ရွာနဲ့ ဖိုင်လင်းရွာက လူတွေတော့ အကုန်ထွက်ပြေးကြတယ် ။ လူဦးရေတော့ သေချာမသိပေမယ့် ရွာလုံးကျွတ်နီးပါးဆိုတော့ တစ်ထောင်တော့ကျော်မယ်”လို့ ပြောပါတယ်။

သနန်ကျေးရွာနဲ့ ဖိုင်လင်းကျေးရွာဟာ တမူး-အောင်ဇေယျ လမ်းမကြီးပေါ်မှာရှိတဲ့ရွာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ သနန်ကျေးရွာမှာ အိမ်ခြေပေါင်း(၂၀၀)နီးပါးရှိသလို ၊ ဖိုင်လင်းကျေးရွာမှာတော့ အိမ်ခြေပေါင်း (၂၀၀)ကျော်ရှိတယ်လို့သိရပြီး သနန်ကျေးရွာနဲ့ဖိုင်လင်းကျေးရွာအနီးက မန်တောကျေးရွာ ၊အောင်ဇေယျ စေတီ၊ ရွှေလေးဘိုဖက်ကဒေသခံအချို့လဲ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်ခံရမှာ ကြောက် တာကြောင့် ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ သနန်ကျေးရွာကတပ်စခန်းကို ပြန်ရနိုင်ဖို့အတွက် လေကြောင်းနဲ့တိုက်ခိုက် ခဲ့တဲ့အပြင် မြေပြင် ကနေလဲ စစ်ကြောင်းထိုးတာတွေပြုလုပ်နေတယ်လို့သိရပြီး စစ်ကြောင်းထိုးနေတဲ့ အချိန်အတွင်း ကူကီးလူငယ် နှစ်ယောက်ကို ဖမ်းဆီးတာတွေလဲလုပ်ဆောင်နေတယ်လို့ ကူကီးလူမျိုးတစ်ယောက် က ပြောပါတယ်။

သူက”စေတီရွာကလူငယ်ယောက်ကျားလေးတစ်ယောက်နဲ့ ရွှေလေးဘိုရွာက တစ်ယောက်ဖမ်းခံရတာပေါ့၊ သူတို့နှစ်ယောက်လုံးက ကူကီးလူမျိုးတွေဖြစ်ကြတယ်၊ ဖမ်းသွားတာကလဲ ဘာအကြောင်းပြချက်မှမရှိဘူးပေါ့ ၊ ဒီအတိုင်းဖမ်းသွားကြတာ”လို့ပြောပါတယ်။

အခုလက်ရှိအချိန်မှာ သနန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဒေသပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထိန်းချုပ်ထားတယ်လို့သိရပြီး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်သလို ဒေသခံလူတွေလဲ အကြောင်းပြချက်မရှိ ဘဲ ဖမ်းဆီးနိုင်တာတွေကြောင့် သတိရှိကြဖို့လိုအပ်တယ်လို့ သတိပေးထားကြပါတယ်။

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...