လက်နက်နှင့်အတူ အလင်းဝင်လာသော စစ်ကောင်စီတပ်သား ၄ ဦးကို ကျပ် ၁၅ သိန်းစီ ကေအဲန်ယူချီးမြှင့်

လက်နက်နှင့်အတူ အလင်းဝင်လာသော စစ်ကောင်စီတပ်သား ၄ ဦးကို ကျပ် ၁၅ သိန်းစီ ကေအဲန်ယူချီးမြှင့်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ(၅)တွင် လက်နက်အပြည့်အစုံနှင့်အတူ ဘက်ပြောင်းအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦးကို တစ်ဦး လျှင် ငွေကျပ် ၁၅ သိန်းစီချီးမြှင့်ပေးအပ်ခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်က နိုဝင်ဘာလ ၁၉ရက်၊ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦးသည် တပ်မဟာ (၅) နယ်မြေအတွင်း အခြချလှုပ်ရှားသည့် ခြေမြန်တပ်ရင်း(ခမရ- ၃၄၀)မှ ဆန်းအောင်နှင့် အောင်မျိုးဇော်၊ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင် စောကျော်လိုနှင့် ခြေမြန်တပ်ရင်း (ခမရ-၃၄၁) တပ်မှ အောင်မျိုး ဇော်တို့ဖြစ်ပြီး လက်နက်အပြည့်အစုံနှင့်အတူ အလင်းဝင်လာသည့်အတွက် ဆုငွေများချီးမြှင့် ပေးခြင်းဖြစ်ကြောင်း ကေအဲန်ယူက ပြောဆိုထားသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ပြောဆိုချက်အရ ၎င်းတို့၏ တပ်ရင်းထဲနေစဉ် အထက် အရာရှိ တပ်ရင်းမှူးများ၏ အနိုင်ကျင့်ခြင်းများကို ခံရခြင်း၊ ဒေသခံအခွင့်အရေးများကိုလည်း ချိုးဖောက်မှုပြုလုပ်ရခြင်းအပြင် အထက်အရာရှိ၏ မကြာခဏအပြစ်ရှာ အရေးယူခံရသည့်အတွက် မခံနိုင်သောကြောင့် KNU ထဲကို အလင်းဝင်လာခြင်းဖြစ်သလို BGF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ရှေ့တန်း ပို့ခံရချိန်တွင် ယခုလို ထွက်ပြေးပြီး အလင်းဝင်လာခြင်းဖြစ်ကြောင်း ကေအဲန်ယူ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအလင်းဝင်လာသူ(၄)ဦးထံမှ  MA-2 တစ်လက်၊ MA-နှစ်လက်၊ M-16 တစ်လက်နှင့်အတူ ကျည်ကဒ် ၁၇ ခု၊ ကျည်ဆံ ၉၄၀ ထောင့်ပါရှိကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅) ထုတ်ပြန်ထားချက်ထဲတွင် ဖော်ပြပါရှိသည်။

ယခုလ နိုဝင်ဘာလ ၁ ရက်မှ စတင်၍ ၁၅ ရက်အတွင်း ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေထဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် စစ်ကောင်စီ၊ BGF တပ်တို့အကြား တိုက်ပွဲပေါင်း (၂၅)ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိသလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဘက်ကလည်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဖော်ပြထားသည်။

Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...
April 21, 2026
ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်)တွင် စစ်အုပ်စုက အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်မှု...
Photo: CJ
April 20, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက မင်းလက်ပံကျေးရွာရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်လည်မှု)...