ပြင်ဦးလွင်ရောက် စစ်ဘေးရှောင်များကို စစ်ကောင်စီ နေရပ်ပြန်ခိုင်း

ပြင်ဦးလွင်ရောက် စစ်ဘေးရှောင်များကို စစ်ကောင်စီ နေရပ်ပြန်ခိုင်း

သျှမ်းပြည် နောင်ချိုမြို့ မှ ပြင်ဦးလွင်မြို့သို့လာရောက် တိမ်းရှောင်သည့် ပြည်သူများကို စစ်ကောင်စီမှ နေရပ် အတင်းအဓမ္မ ပြန်ခိုင်းကြောင်း စုံစမ်းသိရသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် စစ်ကောင်စီ တို့ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် နောင်ချိုမြို့မှ ပြင်ဦးလွင်မြို့သို့ ထွက်ပြေးတိမ်းရှောင်သည့် ပြည်သူများကို နိုဝင်ဘာ ၁၈ရက် နောက်ဆုံးထားပြီး အပြီးပြောင်းရွှေ့ခိုင်းသဖြင့် စစ်ဘေးရှောင်များ အခက်ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၈ ရက်က အပြီးရွှေ့ပေးရတာ။ စစ်ဘေးရှောင်စခန်းတွေ အကုန်လုံးကိုရွှေ့ခိုင်းတာ။သူတို့ရွာထဲ ပြန်သွားတယ် ၁၇ ရက်နေ့က တိုက်ပွဲ ပြန်ဖြစ်တော့ တစ်ခါ ပြန်ထွက် ပြေးလာရပြန်တယ်။ ဒီဖက်က လက်မခံတော့ သူတို့မှာက ခက်ခက်ခဲခဲနဲ့သူတို့ ခိုပုန်းနိုင်တဲ့ နေရာလေးတွေမှာပဲနေရတာပေါ့ တော်တော်တော့ အခက်အခဲဖြစ်ပါတယ်၊ စားရေးသောက်ရေး နေရထိုင်ရတာ အဲ့လိုအခက်အခဲတွေ့တာပေါ့” ဟု ၎င်း ကပြောသည်။

စစ်ဘေးရှောင်များသည် နောင်ချို့မြို့နယ် ကျေးရွာရှိ ဆွေမျိုးအိမ်များ၊ ဘုန်းကြီးကြောင်းများတွင် ပြန်လည် ရွှေ့ပြောင်းခိုလှုံနေထိုင်နေရသည့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၆၀၀ ကျော်ရှိကြောင်း သိရသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့၏ “စစ်ဆင်ရေး-၁၀၂၇”ကြောင့် နောင်ချိုမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂၅၀၀ ကျော်အထိ ရှိလာပြီး သဖန်းကိုင်း၊ သုံးဆယ်၊ ငို့ကလေး၊ အင်းဝိုင်း၊ ဘန့်ဘွေးနှင့် ပြင်ဦးလွင်မြို့ရှိ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရသည်။

Most read this week

သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...