ရခိုင်တိုက်ပွဲတွေကြောင့် မကွေးမှာ စစ်ကောင်စီတပ် ခံစစ်ပြင်လာ

ရခိုင်တိုက်ပွဲတွေကြောင့် မကွေးမှာ စစ်ကောင်စီတပ် ခံစစ်ပြင်လာ

ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်မှု တွေပြုလုပ်နေတဲ့အတွက် ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ မကွေးတိုင်းထဲက နေရာတွေမှာ စစ်ကောင်စီ တပ် ခံစစ်ပြင်လာတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အမ်းစစ်ဌာနချုပ်နဲ့ ဆက်စပ်နေတဲ့ ငဖဲ-အမ်းလမ်းပိုင်းမှာ လုံခြုံရေးတိုးချတာတွေအပြင် ပုသိမ် - မုံရွာလမ်းတစ်လျှောက်မှာလည်း ကတုတ်ကျင်းတူးတာတွေပါ ပြုလုပ်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် အခုလိုလုပ်ဆောင်နေတာဟာ ရှေ့တန်းမထွက်ချင်လို့ အကြောင်းပြလုပ်ဆောင် နေတာဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ဆိုထားပြီး နယ်မြေအနေအထားအရ တည်ငြိမ် တယ်လို့လည်း သိရပါတယ်။

"ရဲစခန်းတွေကို စာပစ်တယ်လို့လဲသိရတယ်။မနေ့ကပဲ အလောတကြီးနဲ့ ပျူစောထီးတွေ လေးငါး ယောက် ဟိုတစ်စု ဒီတစ်စုနဲ့ ကျွင်းတွေတူးကြတယ်။ ကင်းပုန်းတွေချတယ်။ ကျင်းတူး တဲ့နေရာ တွေက ပြေးလမ်းချောင်တဲ့နေရာတွေချည်းပဲ။ ရခိုင်ဘက်မှာက တိုက်ပွဲ ဖြစ်ပြီးနောက်ရင် တန်း လုပ်တာပဲ။" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မင်းဘူးခရိုင်အတွင်းက ပျူစောထီးတွေကို တစ်တောင့်ထိုးလက်နက်တွေ ချပေးထားတာကို လည်း တွေ့ရှိရတယ်လို့ ဆိုထားသလို လမ်းပေါ်မှာ လက်နက်တွေနဲ့သွားလာနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာလည်း စလင်းမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ် ရဲစခန်းတွေကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေလာရောက်တိုက်ခိုက်မယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံတွေပါ ခရီးသွားလာတာမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် မကွေးတိုင်း သရက်ခရိုင်အတွင်းက ပုသိမ်-မုံရွာ လမ်းအနီးက သစ်တောတွေထဲကို စစ်ကောင်စီတပ်သားတွေ လှုပ်ရှားနေတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီဘက်က အခုလိုပြင်ဆင်တာတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက တော့ နယ်မြေအေးချမ်းပြီး စစ်ကောင်စီတပ်သားတွေဟာ ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်ကို ရှေ့တန်းမထွက်ချင်လို့ ဟန်ပြ ပြင်ဆင်တာမျိုးဖြစ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...
ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...