ရွှေကူမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မိသားစုဝင်လေးဦးထိခိုက်ဒဏ်ရာရ

ရွှေကူမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မိသားစုဝင်လေးဦးထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် ရွှေကူမြို့မှာ ရွှေကူရဲစခန်းက‌နေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ လူနေအိမ်တစ်လုံးမှာကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစုဝင်လေးဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့ မနေ့ည ၁၁ နာရီအချိန်လောက်ကတည်းက ရွှေကူမြို့အမှတ် (၂ ) ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီလက်‌အောက်ခံ မြို့မရဲစခန်းကနေ ရွှေကူမြို့ အထက်လေးလမ်းဆုံဘက်ကို လက်နက်ကြီး ၅လုံးပစ်ခတ်ခဲ့ရာက‌နေ ရွှေကူရဲစခန်းနောက်ကြောမှာရှိတဲ့ လူနေအိမ်မှာကျရောက် ပေါက်ကွဲခဲ့ဖြစ်တယ်လို့ ရွှေကူဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

'ပစ်တာက ည ၁၁ နာရီလောက်နေပစ်နေတာ ကြားမှာလည်း ၃၊ ၄လုံးလောက်ပစ်တယ်။ အခုကျတဲ့ဟာက မနက် ၃နာရီမှာပစ်လိုက်တဲ့ဟာ တမင်ရည်ရွယ်ပစ်တာလား အဝေးကိုမရောက်သွားပဲအဲ့နားမှာပဲကျသွားတာလားမသိဘူး ရဲစခန်းနောက်က တစ်အိမ်ကျော်မှာကျတယ်''လို့သူကပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အိမ်ဟာ ရွှေကူရဲစခန်းနောက်က ဦးလှသိန်းဆိုသူရဲ့ နေအိမ်ဖြစ်ပြီး လက်နက်ကြီးကျည်ကြောင့် ဦးလှသိန်းအပါ ဇနီးသည်နဲ့ သမီးနှစ်ဦး စုစုပေါင်းမိသားစုဝင်လေးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

''ကိုလှသိန်းရယ် သူ့ဇနီးရယ် သူ့သမီး နှစ်ယောက်ရည်ထိသွားတယ်ခြေနေကတော့ကောင်းကောင်းမသိရသေးဘူး။ သူတို့အားလုံးကိုတော့ ညတွင်းချင်း ဆေးရုံပို့ထားတယ် အခုရွှေကူဆေးရုံမှာ''လို့ အထက်ပါအမျိူးသားကဆက်ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ရွှေကူအထက်လေးလမ်း ဆုံဘက်မှာကာကွယ်ရေးတပ်ဖွဲ့တွေ‌ ရောက်ရှိနေတယ်ဆိုတဲ့အကြောင်း သတင်းရရှိတာကြောင့် ပစ်ခတ်လာတာဖြစ်တယ်လို့ အထက်လေးလမ်းဆုံမှာနေထိုင်တဲ့ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

''ဒီဘက်မှာ PDF တွေရောက်နေတယ် ဘာညာဆိုပြီးပစ်ခဲ့တာတဲ့ သုံးလုံးကျလာတယ်။ ကျွန်တော်တို့နေတဲ့နေရာနဲ့ဆို မီတာ ၁၀၊ ၂၀ လောက်ပဲကွာတယ် အဲ့မှာကြီးကျတာလူတွေတော့ထိတာမရှိဘူး''လို့ ပြောပါတယ်။

ရွှေကူမှာ နိုဝင်ဘာလ ၁၄ရက်နေ့ညမှာလည်း မြို့မရဲစခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမှတ် ၂ ရပ်ကွက် လူနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အမျိူးသားသားတစ်ဦးပွဲချင်းပြီးသေဆုံးကာ နောက်ထပ်သေဆုံးသူအမျိူးသားရဲ့ဇနီးသည်နဲ့ ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Photo- လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်အိမ်

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...