တစ်လကျော်အတွင်း စစ်ကောင်စီစခန်း ၅ ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIO/KIA ပြန်ကြားရေးတာဝန်ခံပြော

တစ်လကျော်အတွင်း စစ်ကောင်စီစခန်း ၅ ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIO/KIA ပြန်ကြားရေးတာဝန်ခံပြော

တစ်လကျော်တွင်း စစ်ကောင်စီရဲ့ စခန်း ၅ ငါးခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့  ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကနေ နိုဝင်ဘာလလယ်အထိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကနေ စစ်ကောင်စီရဲ့ တပ်စခန်း ၅ ခု ထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။

အောက်တိုဘာလ ၁၈ ရက်နေ့က ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ငါးဘတ်ကြီးကျေးရွာက စစ်ကောင်စီတပ်စခန်း ခမရ ၆၀၂ နဲ့ ခလရ ၅၆ တို့ကို KIA တပ်သားတွေကနေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းထိုင်တာမျိုးတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ ရှမ်းမြောက်ဘက်က စစ်ကောင်စီရဲ့ ခမရ ၅၆၇ စခန်း(ရင်းလတောင်)ကို သိမ်းယူနိုင်ခဲ့ပြီး ၂၀ ရက်နေ့မှာတော့ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က အောင်ဂျာတပ်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့အပြင် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း KIAတပ်မဟာ ၄၊ တပ်ရင်း ၈ ကနေ နမ့်ဟိုင်းအခြေစိုက် မုံးမော်စစ်ကောင်စီတပ်စခန်း တစ်ခုကိုလည်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ်အနီးက နမ်ဆန်ယန်ကျေးရွာ မရောက်မီနေရာမှာ တပ်စခန်းချထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကန်တော်ယန်တပ်စခန်းတစ်ခုကိုလည်း အောက်တိုဘာလ ၃၁ ရက်နေ့ မနက်က KIA ကနေ သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်နာရီအလောက်အကြာမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ဒုတိယအပတ်လောက်မှာတော့ KIA တပ်မဟာ ၆ နဲ့ တပ်ရင်း ၉ တို့ကနေ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒတ်နိုင်း(Dak Nai)စစ်ကောင်စီတပ်စခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"လိုင်လွမ်အောင်ဂျာပြီးတော့ ကန်တော်ယန် သိမ်းတယ်။ တပ်မဟာ ၄ ဘက်ကဟာတွေက မုံးမော်ဘက်တစ်ခု သိမ်းတယ်။ တပ်မဟာ ၆ က ရင်းလတောင် သိမ်းတယ်။ တပ်မဟာ ၆၊ တပ်ရင်း ၉ တွေက ဒတ်နိုင်း(Dak Nai)သိမ်းတယ်။ တပ်မဟာ ၃ ကတော့ ငါးဘတ်ကြီး သိမ်းတယ်။ အဲဒီလောက်ပဲ ခုတလော သိမ်းတာကတော့။ "လို့ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုခဲ့တာပါ။

ကချင်လွတ်လပ်ရေးတပ်မတာ်(KIA)အနေနဲ့ ကချင်ပြည်နယ်အတွင်းမှာသာမက စစ်ကိုင်းတိုင်းဘက်မှာပါ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွေ အထိပါ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲလာတာကို တွေ့ရှိရပါတယ်။

Most read this week

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...