ပေါက်တောမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ငွေများကို စစ်ကောင်စီက ရေတပ်ဇက်သင်္ဘောဖြင့် လာရောက်ယူဆောင်သွား

ပေါက်တောမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ငွေများကို စစ်ကောင်စီက ရေတပ်ဇက်သင်္ဘောဖြင့် လာရောက်ယူဆောင်သွား

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ငွေများကို စစ်ကောင်စီသည် ရေတပ် ဇက်သင်္ဘောဖြင့် လာရောက် ယူဆောင်သွားသည်ဟု သတင်းရရှိသည်။

ယနေ့ နိုဝင်ဘာ ၁၅ ရက်၊ နံနက်တွင် ၎င်းရေတပ် သင်္ဘောသည် ပေါက်တောမြို့ ဖောင်တော်တွင် ဆိပ်ကပ်ပြီး လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်သား ၂၀ ခန့်က ကမ်းပေါ်သို့ တက်ရောက်ကာ ဘဏ်မှငွေများကို ယူဆောင်သွားသည်ဟု ဘဏ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဆာလာအိတ်တွေနဲ့ ငွေအိတ်တွေကို ထမ်းသယ်ကာ စစ်ဇက်ရေယာဥ်ပေါ် တင်ဆောင် ယူသွားပါတယ်။ ဘယ်လောက်ယူသွားတယ်ဆိုတဲ့ ငွေပမာဏကိုတော့  အသေးစိတ်မသိရသေးဘူး"ဟု ၎င်းက ပြောသည်။

အဆိုပါငွေများကိုတင်ဆောင်ပြီးနောက် အဆိုပါ စစ်ဇက်ရေယာဥ်သည် စစ်တွေဘက်သို့ ထွက်ခွာသွားသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ပြီးနောက်  ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်မှ  ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၉၅၂.၃၄၃) အား သိမ်းဆည်းရမိခဲ့သည်ဟုလည်း NUG အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်ထားသည်။

May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...