လက်နက်မချလျှင်တိုက်မည်ဟု အကြောင်းကြားပြီးနောက် ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းတစ်ခုလုံး AA ထံ လက်နက်ချ

လက်နက်မချလျှင်တိုက်မည်ဟု အကြောင်းကြားပြီးနောက် ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းတစ်ခုလုံး AA ထံ လက်နက်ချ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊  အပေါက်ဝရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲစခန်းတစ်ခုလုံးသည် ယနေ့နံနက် ၁၁ နာရီခွဲကျော်ခန့်က ရက္ခိုင့်တပ်တော်(AA)ထံသို့ လက်နက်အပြည့်အစုံဖြင့် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ အပေါက်ဝရဲခစန်းကို ရက္ခိုင့်တပ်တော်(AA )က လက်နက်ချလျှင်ချ မချလျှင် တိုက်မည်ဟု ပြောကြားခဲ့ရာ အပေါက်ဝရဲစခန်းတစ်ခုလုံးမှ ရဲတပ်ဖွဲ့ ၂၆ ဦးသည်  လက်နက်ခဲယမ်းများအပ်ကာ အေအေထံသို့ အလင်းဝင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

"စခန်းက တစ်ခါတည်းတန်းထွက်လာပြီးတော့ အေအေဆီမှာ လက်နက် အပ်တယ်။ စခန်းက မိသားစုဝင်တွေရော အကုန်လုံးပါသွားတယ်" ဟု မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

နောက်ထပ် အပေါက်ဝဒေသခံတစ်ဦးကလည်း " အေအေကအကုန်လုံးကို တင်ခေါ်သွားပြီ။ အပစ်အခတ်တွေ ဘာတွေလည်း မရှိခဲ့ဘူး။ အေးဆေး ပဲခေါ်ယူသွားပြီ" ဟုပြောသည်။

၎င်းအပေါက်၀စခန်းသည် ကျောက်တော်မြို့နယ်တောင်ပိုင်း ၁၀ မိုင်ခန့်အကွာ ရန်ကုန်- စစ်တွေ ကားလမ်းပေါ်တွင် တည်ရှိသည်။

May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...